Showing posts with label စာပေ. Show all posts
Showing posts with label စာပေ. Show all posts

Sunday, October 20, 2013

အိမ်ရှင်မလုပ်မည့်.. မမများအတွက်...




အိမ်ရှင်မလုပ်မည့် မမများအတွက်.... သိထားသင့်တာလေးသင်ပေးပါမယ်...။။။


၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။ ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။

ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည် ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည် (လို့ပြောပါသည်)။

၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။
ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။

၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။
မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။

၎။ အင်္ကျီမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။
မရိုက်ပါနဲ့။ အဲဒီအင်္ကျီကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။
အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။

၅။ အစ်ကိုတို့ရဲ့ ရှပ်အင်္ကျီအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။
အင်္ကျီ ကို သံပုရာသီးခြမ်းနဲ့အတူ ရေပူထဲမှာ ၁၀ မိနစ်လောက် စိမ်ပါ။
(သူတို့ရေးတဲ့အတိုင်း ပြန်ရေးပြတာပါ။ တစ်ခါမှတောင် မစမ်းဖူးပါဘူး။ အက်ႌကို
သံပုရာသီးကဟာတွေ စွန်းကုန်ရင် ကျွန်တော့်ကို မေတ္တာမပို.ဘဲ
မူရင်းရေးတဲ့သူကို ပို့ပါလို့။ သြော်၊ စမ်းကြည့်ပြီး တကယ်ဟုတ်တယ်
ဆိုရင်လဲ လက်တို့လိုက်ပါဦးနော်။)

၆။ သံပုရာသီးထဲက အရည်တွေကို အကုန်ညှစ်ထုတ်လိုပါသလား။
သံပုရာသီးတွေကို ရေနွေးနဲ့ တစ်နာရီကြာစိမ်ပြီးမှ ညှစ်ပါ (တဲ့)။

၇။ ဂေါ်ဖီထုပ်ကြော်ရင် အနံ့မနံအောင် -
ကြော်နေတုံး အိုးထဲကို ပေါင်မုံ့လေးတစ်ဖဲ့ ပစ်ထည့်လိုက်ပါ (တဲ့)။


၈။ ကြက်သွန်လှီးရင် မငိုရအောင် -
ပီကေ၀ါးပါ (လို့ပြောတာပဲ)။

၉။ အာလူးပြုတ်တာ အမြန်နူးချင်ရင် -
အားလူးတစ်ခြမ်း (တစ်လုံးလုံး မဟုတ်) ကို အခွံနွှာပြီးမှ ပြုတ်ပါ (တဲ့)။

၁၀။ ရှပ်အင်္ကျီမှာ မင်တွေစွန်းလာလို့ ယောက်ျား (ယောင်္ကျား လို့ မရေးလိုက်ပါနဲ့။ ဟိုယောင်ယောင် ဒီယောင်ယောင်၊ ယောင်ခြောက်ဆယ်တွေ ဖြစ်ကုန်ပါ့မယ်။) ကို
ရန်မလုပ်ပါနဲ့။ အလွယ်လေးပါ။
မင် (“မှင်” မဟုတ်ပါ။) စွန်းသောနေရာကို သွားတိုက်ဆေးဖြင့် ကျကျနန ပွတ်ပေးပါ။
နောက်ပြီး သွားတိုက်ဆေး လုံးဝ ခြောက်သွားပြီ ဆိုမှ ပွတ်လျှော်ပါ (တဲ့)။

၁၁။ ကစွန်းဥပြုတ် အခွံနွှာရတာ ခက်နေပါသလား။
ပြုတ်ပြီးပြီးချင်း ရေအေးနဲ့ ချက်ခြင်း စိမ်ပါ (တဲ့)။

၁၂။ ကြွက်တွေလာလို့ စိတ်ညစ်နေပါသလား။
သူတို့လာမဲ့လမ်းမှာ ငြုပ်ကောင်းမှုံ့ ဖြူးထားပါ (တဲ့)။

(သတိတော့ထားပေါ့။ တော်ကြာ ကြွက်တွေအစား ကိုယ်အရင် နှာတွေ တဖြီးဖြီး ချေနေမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။)

ကဲ မှတ်ထားကြနော်သူငယ်ချင်းတို. ...သိထားတာရှိလဲ ဝေမျှပေးခဲ့ပါနော်..

ကျေးဇူးတင်ပါတယ်.

ရွှေအိမ်စည်စာကြည့်တိုက်

Thursday, August 29, 2013

တောဓလေ့လေး သိစေချင်

တောင်ယာဘဝ
ခါးမလှလည်း
အားရလောက်ဖွယ်
အပြုံးရယ်နှင့်
စီခြယ်မေတ္တာ
သမီးမှာခြုံ
သားမှာငုံ၍ အပူကင်း။

ထင်းတွေခွေခုတ်
အနေစုတ်လည်း
ရွှေထုပ်ကဲ့သို့
ချစ်ခြင်းတို့စီ
ပြုံးလို့ပျော်လျှက်
စည်းစိမ်ထက်လေ
သီးခက်တိုးအောင် အကျိုးဆောင်။

ထမင်းဝိုင်းထဲ
လက်စုံနွှဲလို့
ဟင်းပွဲမစုံ
အတို့မြုံနှင့်
ငုံ့ရုံသာလွေး စားမြိန်ခြင်း။

ဟန်ပန်လေးကင်း
မာန်ကိုရှင်းလျှက်
ပန်းခင်းတံတား
အပြုံးများနှင့်
ဖိတ်ကြားချင်၍ လှမ်းခဲ့ရှင်။
တောဓလေ့လေး သိစေချင်။

လုံ မ ညို



Wednesday, August 28, 2013

ဆရာမင်းလူကွယ်လွန်သွားတဲ.အတွက်ဝမ်းနည်းရပါတယ်

ပွဲသိမ်းခရာ မမှုတ်သေးခင်
မန်ယူရှုံးပြီလို.မပြောပါနဲ.အုံး
ကျားသစ်ဆိုတာ
အရေခွံဆုတ်ပြီးမှ
တကယ်သေပြီလို.အတည်ပြုနိုင်တယ်
ပိုးဟပ်တစ်ကောင်ဟာ
ခေါင်းမပါဘဲနဲ.
ရက်အတော်ကြာအသက်ရှင်နိုင်သေးဆိုပဲ
အသက်ရှူရပ်သွားတာတောင်
ဦးနှောက်အလုပ်လုပ်နေရင်
သေပြီလို.မဆိုနိုင်သေးဘူး
ငါ.နှလုံးခုန်သံယဲ.ယဲ.လေးပဲကျန်တော.လို.
မင်းသိပ်ပျော်နေလားဟင်
စိတ်ချ
နောင်ဘ၀ကျရင်လည်း
ငါမင်းကိုပဲပြန်ချစ်ဦးမှာ
တန်ဖိုးရှိတဲ.မိန်းမဆိုတာ
စာအုပ်ကောင်းတစ်အုပ်လိုပဲ
ဘယ်လောက်ပဲဟောင်းနွမ်းစုတ်ပြတ်နေပါစေ
ပြန်ဖတ်တိုင်းအရသာရှိတယ်လေ။


* ဆရာ.ရဲ.ကဗျာလေးတပုဒ်ကိုမန်ယူဖန်များPageကတွေ.လို.ပြန်မျှဝေလိုက်ပါတယ်