Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

Monday, September 9, 2013

ဆိတ်နှင့် တရားဝင်လက်ထက်ရသူ


ဆူဒန်နိုင်ငံမှာ ဖြစ်ပါတယ်။ ဆိတ်တစ်ကောင်ကို သားမယားပြုကျင့်တဲ့ ပြစ်မှု ကို တွေ့ရှိခဲ့ပြီး ယင်းဆိတ်မနဲ့ တရားဝင် လက်ထက်ဖို့အတွက် အစိုးရမှ အမိန့်ပေးလိုက်ပါတယ်။

ယင်းအမိန့်ကြောင့် ကျူးလွန်သူဟာ ဆိတ် မင်္ဂလာပွဲကို တစ်ခမ်းတနား ကျင်းပ ပေးခဲ့ရပြီး အိမ်ထောင်တကယ်ပြုခဲ့ရပါတယ်။ သူ့အနေနဲ့ အခြား ဘယ် အမျိုးသမီးကိုမှ ယူခွင့်လည်း မရှိတော့ပါဘူး။ ငွေဒဏ် အဖြစ်လည်း ဆူဒန် Dinar ၁၅၀၀၀ လည်း ဆောင်ခဲ့ ရပါတယ်။

အိမ်ထောင်ရေးနှင့် လိင်ကိစ္စနဲ့ ပက်သက်လို့ စည်းကမ်းတင်းကြပ်တဲ့ ဆူဒန် လို နိုင်ငံမှာ ယင်းကဲ့သို့ ပြစ်မှုက ရှားပါတယ်။ အဓိကကတော့ စည်းကမ်း တင်းကြပ်လို့ပါ။ အလားတူပဲ ဘယ်တိရစ္ဆာန်နဲ့ပဲ ဖြစ်ဖြစ် ပြစ်မှု ကျူးလွန်တာ တွေ့ရှိရင် ထိမ်းမြားလက်ထက်လို့ တစ်ဘဝစာ နေထိုင်စေရန် ဥပဒေ ချမှတ်ထားကြောင်း သိရပါတယ်။

Ref: dyknow
International news for myanmar

Thursday, August 29, 2013

ဆီးရီးယားမှ တိုက်ခိုက်လာပါက ပြင်းပြင်းထန်ထန်တုန့် ပြန်မည်


အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုက ၄င်းတို့အား ဆီးရီးယား ကတိုက်ခိုက် လာပါက ပြင်းထန်စွာ တုန့်ပြန် သွား မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ထားသည်။ ဆီးရီးယား အစိုးရကို စစ်ရေးအရ အရေး ယူ ဆောင်ရွက်မှု များပြုလုပ်ရန် အမေ ရိကန်ပြည်ထောင်စုက စဉ်းစားနေချိန်တွင် အစ္စရေးဝန်ကြီးချုပ်က အင်္ဂါနေ့တွင် ထို ကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဆီးရီးယား အရေးကို တိုင်ပင် ဆွေးနွေးအပြီးတွင် အစ္စရေး ၀န်ကြီးချုပ်က အစ္စရေးနိုင်ငံဟာ ဖြစ်နိုင်ခြေ ရှိတာတွေ အားလုံးအတွက် ပြင်ဆင်ထားပါ တယ်။ ကျွန်တော်တို့ ဟာဆီးရီးယား ပြည်တွင်း စစ်မှာ ပါဝင်ပတ်သတ် ထားခြင်းမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို ထိခိုက်မှု တွေရှိလာ ရင်တော့ ပြင်းပြင်း ထန်ထန် တုန့်ပြန်သွားမှာ ဖြစ်ပါတယ် ဟု ဆိုထားသည်။

ဆီးရီးယား အစိုးရက ၄င်းတို့အား အမေရိကန်နှင့် မဟာ မိတ်နိုင်ငံများက လာရောက်တိုက်ခိုက်ပါ က ပြန်လည်တုန့်ပြန်သွားရန် ဆုံးဖြတ်ထားချိန် တွင် အစ္စရေးဝန်ကြီးချုပ်၏ ပြောစကားထွက်ပေါ် လာခြင်းဖြစ်သည်။ အမေရိကန်နှင့် အနောက် နိုင်ငံများက ဆီးရီးယား အစိုးရသည် ဆီးရီးယားနိုင်ငံ သားများကို ဓါတု လက်နက်များဖြင့် ပြီးခဲ့ သော သတင်းပတ်တွင် တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲထားကြသည်။ ဆီးရီးယား နိုင်ငံခြား ရေးဝန်ကြီး ၀ါလစ်မူလန်က ၄င်းတို့၏စွမ်း ဆောင်နိုင်မှုသည် နိုင်ငံတကာကို အံ့အား သင့်စေမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့အပြင် ၄င်းက မည်သည့်စစ်ရေး အရအရေး ယူ ဆောင် ရွက်မှု မဆိုသည် အစ္စရေးနှင့် အယ်လ်ခိုင်ဒါ တို့၏ အကျိုးစီးပွား များကိုဖြစ်ပေါ်စေမည်ဟုလည်း သတိပေး ထားသေးသည်။ ၀ါရှင်တန်အစိုးရကမူ ဆီးရီးယား အစိုးရသည် ဓါတုလက်နက်ဖြင့် တိုက် ခိုက်ခဲ့ခြင်းများကို ဖုံးကွယ်ရန် ကြိုးစားနေပြီး ဓါတုလက်နက်ဖြင့် တိုက်ခိုက်ခြင်း၏နောက်ကွယ်တွင် ပါဝင်သူများနှင့် ပတ်သတ်
သည့်သက်သေ အထောက် အထားများကို ပိုမိုဖော် ထုတ်ပေးမည် ဟု ပြောကြားထားသည်။

အမေရိကန် ကာကွယ်ရေး ၀န်ကြီးချက် ဟေဂယ်ကလည်း အမေရိကန်သမ္မတ အိုဘားမားက အမိန့်ပေးပါ စစ်ရေးအရ ဆောင်ရွက်ရန် ပြင်ဆင်ထား သည်ဟုလည်း ဆိုထားသည်။ တစ်ချိန်တည်းတွင် အစ္စရေး တွင် ဓါတ်ငွေ့ကာ မျက်နှာဖုံးများ ပြန်လည် ခေတ်စား လာနေပြီး ပြီးခဲ့သောရက်ပိုင်း အတွင်းတို့တွင် အစ္စရေး တွင် ဓါတ်ငွေ့ကာ မျက်နှာဖုံး ရောင်းအား ၃၀၀ ရာခိုင်နှုန်းမြင့် တက်ခဲ့ကြောင်းသိရသည်။

messenger news



Wednesday, August 28, 2013

ဆီးရီးယား နိုင်ငံ ကို ၇၂ နာရီ အတွင်း လေကြောင်း ၊ ရေ ကြောင်း တိုက် ခိုက်မှု စတင် တော့ မည်

တိုမာဟောခ် ဒုံးကျဉ် လေးစင်း အား တစ် ပြိုင် နက် တည်း ပစ်လွှတ် နိုင်သည့် စစ်သင်္ဘောများ မြေထဲ ပင်လယ် အရှေ့ ဘက် ခြမ်း ကို ရောက် ရှိ ပြီး နောက် ဆီးရီးယား ကို အကန့်  အသတ် ရှိ သည့် စစ်ရေး အရေးယူမှု ရက် အနည်း ငယ် တွင်း စတင် တော့ မည် ဟု ပင်တဂွန် ထိပ်တန်း အရာရှိ များ က CNN သတင်း ကို ပြောသည်။

ရုရှား နိုင်ငံ က အမေရိကန် ၏ ဆီးရီးယား နိုင်ငံ ကိုတိုက် ခိုက် မှု ကို ဆန့် ကျင် ကန့် ကွက်သည်။

အမေရိကန် ၏ တိုက်ခိုက်မှု တွင် ဗြိတိန် နိုင်ငံ လည်း ပါဝင် မည် ဖြစ် ပြီး
ဂျော်ဒန် ရှိ အမေရိကန် လေတပ် စခန်း နှင့် ဆိုက် ပရပ်(စ) ရှိ ဗြိတိသျှ တပ်
စခန်းများကို အသုံး ပြု သွား မည် ဖြစ်သည်။
 


Tuesday, August 27, 2013

ရိန်းအပါအ၀င် နာမည်ကျော်တွေနဲ့ မြိုင်ဆိုင်ခဲ့တဲ့ ဘန်ကောက်က Sonic Bang ဂီတပွဲတော်

ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ Sonic Bang ဂီတဖျော်ဖြေပွဲမှာ နာမည်ကျော်အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုနဲ့အတူ မြိုင်ဆိုင်အောင်မြင်ခဲ့တဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ဒီပွဲမှာ စစ်မှုထမ်းဆောင်နေတာကြောင့် အနုပညာလောကနဲ့ ကင်းကွာနေတဲ့ ကိုရီးယားနာမည် ကျော်ရိန်းဟာစစ်မှုထမ်းရာကနေထွက်လာပြီး ပထမဆုံးဖျော်ဖြေမှုအဖြစ် ပါဝင်လာခဲ့ပါတယ်။

ပရိသတ်အင်အား ၅၀,၀၀၀ ကျော်လောက်ရှိတဲ့ရှိတဲ့ Sonic Bang ဂီတပွဲကြီးမှာ အနောက်နိုင်ငံက ဂီတ ပညာရှင်တွေနဲ့ အရှေ့တိုင်းက ဂီတပညာရှင်တွေ စုပေါင်းဖျော်ဖြေကြတာဖြစ်ပြီး အဓိကအနုပညာရှင်တွေ အဖြစ် ဂျေဆင်မရက်ဇ်၊ ပစ်ဘူးလ်၊Epik High၊ Far East Movement၊ Pet Shop Boys၊ Owl City စတဲ့ အနုပညာရှင်ပေါင်း ၃၀ ကျော်လောက် ပါဝင်သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

Mizzima - News in Burmese