ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ Sonic Bang ဂီတဖျော်ဖြေပွဲမှာ နာမည်ကျော်အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုနဲ့အတူ မြိုင်ဆိုင်အောင်မြင်ခဲ့တဲ့ပွဲတ စ်ပွဲ ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ဒီပွဲမှာ စစ်မှုထမ်းဆောင်နေတာကြောင့် အနုပညာလောကနဲ့ ကင်းကွာနေတဲ့ ကိုရီးယားနာမည် ကျော်ရိန်းဟာစစ်မှုထမ်းရာကနေထွက်လာပြီး ပထမဆုံးဖျော်ဖြေမှုအဖြစ် ပါဝင်လာခဲ့ပါတယ်။
ပရိသတ်အင်အား ၅၀,၀၀၀ ကျော်လောက်ရှိတဲ့ရှိတဲ့ Sonic Bang ဂီတပွဲကြီးမှာ အနောက်နိုင်ငံက ဂီတ ပညာရှင်တွေနဲ့ အရှေ့တိုင်းက ဂီတပညာရှင်တွေ စုပေါင်းဖျော်ဖြေကြတာဖြစ်ပြီး အဓိကအနုပညာရှင်တွေ အဖြစ် ဂျေဆင်မရက်ဇ်၊ ပစ်ဘူးလ်၊Epik High၊ Far East Movement၊ Pet Shop Boys၊ Owl City စတဲ့ အနုပညာရှင်ပေါင်း ၃၀ ကျော်လောက် ပါဝင်သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
Mizzima - News in Burmese