Monday, September 9, 2013

Miss Supranational Myanmar ခင်ဝင့်ဝါ

Miss Supranational Myanmar ခင်ဝင့်ဝါ ကို
ကြိုဆိုနုတ်ဆက်ဂုဏ်ပြုပွဲလေးတစ်ရပ်ကျင်းပခဲ့
ပုံမှာအနုပညာရှင်တွေနဲ့ အတူကြည်နးစရာပုံရိပ်
တစ်ချို့ အဖြစ်တွေ့ ရလို့ “ Miss Internet ဆုရတဲ့
အတွက် ၀မ်းသာပျော်ရွှင် ဂုဏ်ယူမိပါတယ်...
ဒီဆုတွေက ပရိသတ်ကြီး ပေးခဲ့တဲ့ဆုပါ...
ညီမ အနေနဲ့ ဆုငွေအားလုံးကို ပရဟိတ
အလှူဒါနပြုသွားမှာဖြစ်ပါတယ်... ညီမ
မြန်မာပြည်ကို ရောက်တဲ့အခါ ညီမကို မိသားစု
လို ချစ်ခင်ပြီး အကောင်းဆုံးပံ့ပိုးပေးခဲ့တဲ
Miss Supranational Myanmar Organization နဲ့
လက်တွဲပြီး အနုပညာအလုပ်တွေလုပ်သွားမှာပါ...
အဲဒီက ရရှိလာတဲ့ဝင်ငွေရဲ့ ၃၀ရာခိုင်နှုန်းကို လူမှု
အကျိုးပြု ပရဟိတအလုပ်တွေ အတွက်လှူဒါန်းသွား
မှာဖြစ်ပါတယ်... ညီမ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမှ
မြန်မာတစ်မျိုးသားလုံးအတွက် အကျိုးပြုသွားပါမယ်”လို့ 
ကတိပြုခဲ့သူဖြစ်လည်းဖြစ်တဲ့အတွက်သူ့ ရဲ့ အမိ
မြန်မာပြည်အတွက်ပထမဦးဆုံးပွဲဦးထွက်ဆောင်ရွက်
မူဟာအနုပညာဖြစ်လေမလား၊ပရဟိတအကျိုးပြုလူမူ
ရေးဖြစ်လေမလားစိတ်ဝင်စားစရာရှိလို့ နေပါတယ်။

photo credit-Khin Sandar Myint,Khin Wint Wah ,Ma Pont
Popular Journal

နေပြည်တော် လေဆိပ်သို့ ပထမဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ဆင်းသက်မှုအဖြစ် Air Asia စရိတ်နည်း လေကြောင်းလိုင်း စတင်ဆင်းသက်မည်


နိုင်ငံအသီးသီးမှ ဧည့်သည်များ၏ ခရီးစဉ်များ၊ စင်းလုံးငှား ခရီးစဉ်များသာ ဆင်းသက်နေသည့် နေပြည်တော် လေဆိပ်ကို မြင်တွေ့ရစဉ်
နေပြည်တော် လေဆိပ်သို့ ပထမဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ဆင်းသက်မှုအဖြစ် Air Asia စရိတ်နည်း လေကြောင်းလိုင်းမှ အောက်တိုဘာ ၂၈ ရက်တွင် စတင် ဆင်းသက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
နေပြည်တော် လေဆိပ်သည် စတင် ဖွင့်လှစ်ခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်မှစ၍ ပြည်တွင်း ပုဂ္ဂလိက လေကြောင်းလိုင်းများနှင့် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက် အသုံးပြုခြင်း မရှိဘဲ နိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက်အရ လာရောက်သည့် နိုင်ငံအသီးသီးမှ ဧည့်သည်များ၏ ခရီးစဉ်များ၊ စင်းလုံးငှား ခရီးစဉ်များသာ ဆင်းသက်ခဲ့သည်။
နေပြည်တော်လေဆိပ် စတင်ဖွင့်လှစ်ပြီး တစ်နှစ်နှင့် ၁၀ လပြည့်ပြီးချိန်တွင် ပထမဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ပုံမှန်ခရီးစဉ် ပျံသန်းမှုအဖြစ် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်မှ စတင်ကာ Air Asia စရိတ်နည်း လေကြောင်းလိုင်း စတင်ဆင်းသက်မည် ဖြစ်သည်။
Air Asia လေကြောင်းလိုင်းသည် ဘန်ကောက်-နေပြည်တော် ခရီးစဉ်အား အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် တစ်ပတ်လျှင် သုံးကြိမ် ပျံသန်း ပြေးဆွဲသွားမည် ဖြစ်သည်။ နိုဝင်ဘာ ၁၅ ရက်မှ စတင်ကာ ဘန်ကောက်-နေပြည်တော် ခရီးစဉ်အား နေ့စဉ်ပြေးဆွဲ သွားမည်ဟု သိရသည်။
လေဆိပ် အဆောက်အအုံ (ပြေးလမ်းတန်ဖိုးမပါ) အား အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၁၈၁ သန်းကျော် အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ကာ မြေပြင် ၀န်ဆောင်မှု လုပ်ငန်းများကို Pioneer Aerodrome ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်...

အဆိုပါ ခရီးစဉ်အား (လေယာဉ်ကွင်း အခွန်နှင့် အခြားစရိတ်များ အပါအ၀င်) ဒေါ်လာ ၅၀ ဖြင့် စတင်ပျံသန်းမည်ဟု သိရသည်။
“ဘန်ကောက်-နေပြည်တော် ခရီးစဉ် ပြေးဆွဲရခြင်းက အရှေ့တောင်အာရှ အားကစားပွဲတော်ကို အဓိက ရည်ရွယ်ပါတယ်။ ဒီခရီးစဉ်ကို Air Bus A 320 လေယာဉ် အသစ်များနဲ့ ပျံသန်းပြေးဆွဲ ပေးသွားမှာ ဖြစ်ပါတယ်” ဟု Asia လေကြောင်းလိုင်း၏ အမှုဆောင် အရာရှိချုပ်က ပြောကြားသည်။
Asia လေကြောင်းလိုင်းသည် ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား နေ့စဉ်သုံးကြိမ်၊ ဘန်ကောက်-မန္တလေး ခရီးစဉ်အား နေ့စဉ်၊ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်အား နေ့စဉ်ပျံသန်း ပြေးဆွဲလျက်ရှိသည်။
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Buyer Credit (၀ယ်သူ ချေးငွေစနစ်) ဖြင့် မြန်မာအစိုးရနှင့် Export Import Bank of China တို့မ loan Aggrement ကို လက်မှတ်ရေးထိုးပြီး စီမံကိန်း လုပ်ငန်း အဆင့် (၁) အား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ လေဆိပ် အဆောက်အအုံ (ပြေးလမ်း တန်ဖိုးမပါ) အား အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၁၈၁ သန်းကျော် အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ကာ မြေပြင် ၀န်ဆောင်မှု လုပ်ငန်းများကို Pioneer Aerodrome ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။
နေပြည်တော် လေဆိပ်သည် စတင်ဖွင့်လှစ် ခဲ့ချိန်တွင် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက် အသုံးပြုနိုင်ခြင်း မရှိသေးဘဲ ၂၀၁၃ ခုနှစ်၊ ဧပြီ ၁ ရက်မှသာ နိုင်ငံတကာ လေကြောင်းလိုင်းများ အသုံးပြုရန် အဆင်သင့် ဖြစ်ခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

ရည်းစားထားသူများအတွက် အသဲကွဲအဆင့်များ ....


မူကြိုအဆင့် ..... အသဲကွဲ မျက်ရည်ပိုးစိုးပက်စက်ကျ မစားနိုင် မအိပ်နိုင် ရူးမတတ်ဖစ်

မူလတန်းအဆင့် .... အသဲကွဲ မျက်ရည်ကျ စိတ်နာ

အလယ်တန်းအဆင့် .... အသဲကွဲ မျက်ရည်မကျ ဘာမှမဖြစ်သလိုပာန်ဆောင်တတ်

အထက်တန်းအဆင့် .... အသဲမကွဲ ပျော်ပျော်ကြီးနေသည်
...
တက္ကသိုလ်အဆင့် .. တစ်ယောက်ပြတ်တော့မည်ဆိုလျှင် နောက်တစ်ယောက်အဆင်သင့်ရှာထားသည်

ဘွဲ့လွန်အဆင့် .... အနဲဆုံး သုံးယောက်လောက်တစ်ပြိုင်တည်းတွဲသည် အသဲကွဲတယ်ဆိုတာ ပြတိုက်မှာသွားကြည့်ရသောသူ ...

သင်ရောဘယ်အဆင့်မှာရှိမလည်း ...

Feelings Bin

ခင်ပွန်းနှင့် စိတ်ဆိုးပြီး အစ်မအိမ်သွားနေသည့် အမျိုးသမီး ခဲအို၏ အဓမ္မကျင့်ခံရသည်ဟုဆို


ဇော်ဇော်ထွေး | တနင်္လာနေ့၊ စက်တင်ဘာလ ၀၉ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၃၇ မိနစ်

ခင်ပွန်းသည်နှင့် စကားများရန်ဖြစ်ပြီး အစ်မ၏ အိမ်သို့ သွာရောက်နေထိုင်ခဲ့သည့် အမျိုးသမီးတစ်ဦး ခဲအို၏ အဓမ္မပြု ကျင့်ခံရဟုဆိုကာ အမှုဖွင့်တိုင်တန်းမှုတစ်ခုအား တွံတေးရဲစခန်းက စက်တင်ဘာ ၆ ရက်တွင် အမှုဖွင့် ထားကြောင်း ရန်ကုန်တိုင်းရဲဌာနမှူးရုံးမှ သတင်းထုတ်ပြန်သည်။

အဓမ္မပြုကျင့်ခံရသူမှာ အသက် ၂၄ နှစ်အရွယ် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ရဲဌာနက ဆိုသည်။ သူမသည် တွံတေးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် နေထိုင်သူဖြစ်ပြီး လွန်ခဲ့သော တစ်လခန့်က ခင်ပွန်းသည်နှင့် စကားများ ရန်ဖြစ်ခဲ့သဖြင့် နှစ်နှစ်အရွယ်သမီးကိုခေါ်ကာ အခြားရွာတစ်ခုရှိ အစ်မဖြစ်သူ၏ နေအိမ်တွင် နေထိုင်နေ ခဲ့သည်ဟု ကာယကံရှင်က ထွက်ဆိုထားသည်။

၎င်းသည် စက်တင်ဘာ ၆ ရက်နေ့လည်က အစ်မဖြစ်သူ၏ အိပ်ခန်းထဲတွင် သူ့သမီးအပါအ၀င် တူမငယ် တို့နှင့်အတူ အိပ်ပျော်နေစဉ် အရက်မူးပြီး အပြင်မှ ပြန်လာသော အသက် ၅၁ နှစ်အရွယ် ခဲအိုက အဓမ္မပြုကျင့်ခဲ့သည်ဟု ရဲအား ထွက်ဆိုချက်ပေးထားသည်။

သူမသည် ရုန်းကန်အော်ဟစ်သော်လည်း ခဲအိုဖြစ်သူက ပါးစပ်အားပိတ်ထားပြီး သိုင်းဖက်ထားခဲ့သဖြင့် သားမယား
ပြုကျင့်ခံရခြင်းဖြစ်သည်ဟုလည်း ဆိုထားသည်။ ထို့နောက် ထွက်ပြေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခြင်းဖြစ်သည်ဟု ရဲဌာနက ဆိုသည်။

ယခုအမှုကို တွံတေးမြို့နယ်ရဲစခန်းက အမှုအမှတ် (ပ)၃၄၃/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲခံထားရသူကို ဖမ်းဆီးစစ်ဆေး လျက်ရှိကာ ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်ပို့ သွားမည်ဟု ရန်ကုန်တိုင်း ရဲဌာနက သတင်းထုတ်ပြန်ထားသည်။

  Mizzima - News in Burmese

ဆိတ်နှင့် တရားဝင်လက်ထက်ရသူ


ဆူဒန်နိုင်ငံမှာ ဖြစ်ပါတယ်။ ဆိတ်တစ်ကောင်ကို သားမယားပြုကျင့်တဲ့ ပြစ်မှု ကို တွေ့ရှိခဲ့ပြီး ယင်းဆိတ်မနဲ့ တရားဝင် လက်ထက်ဖို့အတွက် အစိုးရမှ အမိန့်ပေးလိုက်ပါတယ်။

ယင်းအမိန့်ကြောင့် ကျူးလွန်သူဟာ ဆိတ် မင်္ဂလာပွဲကို တစ်ခမ်းတနား ကျင်းပ ပေးခဲ့ရပြီး အိမ်ထောင်တကယ်ပြုခဲ့ရပါတယ်။ သူ့အနေနဲ့ အခြား ဘယ် အမျိုးသမီးကိုမှ ယူခွင့်လည်း မရှိတော့ပါဘူး။ ငွေဒဏ် အဖြစ်လည်း ဆူဒန် Dinar ၁၅၀၀၀ လည်း ဆောင်ခဲ့ ရပါတယ်။

အိမ်ထောင်ရေးနှင့် လိင်ကိစ္စနဲ့ ပက်သက်လို့ စည်းကမ်းတင်းကြပ်တဲ့ ဆူဒန် လို နိုင်ငံမှာ ယင်းကဲ့သို့ ပြစ်မှုက ရှားပါတယ်။ အဓိကကတော့ စည်းကမ်း တင်းကြပ်လို့ပါ။ အလားတူပဲ ဘယ်တိရစ္ဆာန်နဲ့ပဲ ဖြစ်ဖြစ် ပြစ်မှု ကျူးလွန်တာ တွေ့ရှိရင် ထိမ်းမြားလက်ထက်လို့ တစ်ဘဝစာ နေထိုင်စေရန် ဥပဒေ ချမှတ်ထားကြောင်း သိရပါတယ်။

Ref: dyknow
International news for myanmar