Showing posts with label နှလုံးသားအဟာရ. Show all posts
Showing posts with label နှလုံးသားအဟာရ. Show all posts
Saturday, October 19, 2013
စွဲလန်းခြင်း...
ပျားရည်တစက် မြေကြီး ပေါ်သို့ ကျသွားတယ် ။ ထိုအခါ ပုရွက်ဆိတ် ငယ်လေး တစ်ကောင် ပျားရည်စက် ရှိရာ ရောက်လာပြီး နံဘေးမှ အရသာ ခံ မြည်းစမ်းလေတယ် ။ ထို့နောက် ပြန်လေတယ် ။
အပြန်လမ်း တ၀က်မှာတင် အရသာကို စွဲလန်းစိတ်နဲ့ မရောင့်ရဲနိုင်သဖြင့် ပျားရည်စက် ရှိရာသို့ ပြန်လှည့် လေတယ် ။ ပျားရည်စက် နံဘေးမှ ထပ်ပြီး သုံးဆောင်တယ် ။ ထို့နောက် တဖန် ပြန်လေတယ် ။
ချိုမြိန်တဲ့ အရသာကို ကို စွဲလန်းစိတ်နဲ့ မတင်းတိမ်နိုင်သေးသဖြင့် ပြန်ရောက်လာပြန်တယ် နောက်ဆုံး တစ်ကြိမ်တော့ ပျားရည်စက် အတွင်းသို့ ၀င်ပြီ စိမ်ပြေနပြေ အရသာခံမယ်ဆိုပြီး ဗဟို သို့ ၀င်ကာ အားရပါးရ သုံးဆောင်လေတယ် ။
ချိုမြိန်တဲ့ အရသာအောက် မှာ ယစ်မှုး ပြီးနောက်မှာတော့ ပျားရည်စက်နဲ့ သူ့ ခြေလက် ခန္ဓာကပ်ညှိ ပြီး ခွာမရတော့ ဘူး နောက်ဆုံး ရုန်းမထွက်နိုင်ဘဲ သူပျက်ဆီး ရလေတယ် ။
မှတ်သား နာယူဖွယ် ဆိုရိုးများ
( ပျားရည်စက် ကြောင့်ပျက်ဆီး ရတာလား ? ရောင့်ရဲခြင်း မရှိလို့ ပျက်ဆီးရတာလား ? ဘာသင်ခန်းစာရလိုက်သလဲ ? )
တွေးမိတွေးရာအဖြာဖြာ
သင့်ဘ၀မှာ အောက်ပါ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ မိန်းကလေး (သို့) ယောက်ျားလေးနဲ့ ဆုံစည်းခွင့်ရရင် ဘယ်တော့မှ လက်လွတ်မခံပါနဲ့ ...
၁) သင်နဲ့တွေ့ဖို့ အဝေးကြီးကနေ တကူးတက လာတွေ့ရတယ် (သို့) အခက်အခဲတွေကြားက လာခဲ့ရတယ် ...
၂) သူမမှားသည့်တိုင်အောင် "စိတ်မကောင်းပါဘူး" ဆိုတာလေးကို ပြောရှာတယ် ...
၃) သင့်ကိုချစ်တဲ့အတွက်၊ လွမ်းတဲ့အတွက် မျက်ရည်ကျရှာတယ် (မိန်းကလေးဆိုရင်) ...
သင့်ကိုချစ်တဲ့အတွက်၊ လွမ်းတဲ့အတွက် နီးစပ်ခွင့်ရဖို့ ကြိုးစားတယ် (ယောက်ျားလေးဆိုရင်) ...
၎) အဆင်မပြေမှုနဲ့ကြုံတွေ့လာရင်
၅) သူ့ကိုနာကျင်အောင် ဘယ်လောက် လုပ်လုပ် သင့်ကို ချစ်မြဲချစ်နေရှာတယ် ...
၆) ငြင်းခုန်မှုတွေဖြစ်လာရင်တော
၇) သင့်စိတ်မှာ ကျေနပ်ဝမ်းမြောက်မှုတွေ ဖြစ်ပေါ်လာအောင် အမြဲတမ်းပြုလုပ်ပေးတယ် ... သင့် ပျော်ရွှင်စေဖို့လည်း ကြိုးစားတယ် ...
၈) စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေရင်တောင် သင်ပါ ရောပြီး ပူပန်နေရမှာစိုးရိမ်လို့ သင့်ကိုဘယ်တော့မှ မပြောဘူး ....
(အကုန်မဟုတ်ပေမယ့် အချက်တော်တော်များများနဲ့ ကိုက်ညီနေရင်လည်း အမိသာ ဆွဲထားလိုက်တော့နော် ... သူချစ်ဆိုတာ ရခဲပါတယ်ရှင့် .. ^_^)
credit: အလင်္ကာမေကျော်
အားလုံး သိထားသင့်သော စကားကြီး (၃)ခွန်းပါ
မြစ်ကြီးလည်း မခမ်းပါစေနဲ့။
သစ်ပင်ကြီးလည်း မလဲပါစေနဲ့။
ထုံးအိုးကြီးလည်း မကွဲပါစေနဲ့။
✿ မြစ်ကြီးလည်း မခမ်းပါစေနဲ့ ဆိုတာ
အေးမြတဲ့စမ်းရေလို ကြည်ကြည်လင်လင် တသွင်သွင်စီးဆင်းနေတဲ့ မေတ္တာမြစ်ကြီးကို ဆိုလိုတာလေ။
လူလူချင်း မေတ္တာထားကြ။ မေတ္တာတရားတွေ ပွားများကြ။ လူလူချင်း မေတ္တာတွေ မခမ်းကြစေနဲ့ဆိုတဲ့ အဓိပ္ပါယ်ပဲ။
✿ သစ်ပင်ကြီးလည်း မလဲပါစေနဲ့ တဲ့။
သစ်ပင်ကြီးဟာ အခက်အလက်အရွက်တွေ ဝေေ၀ဆာဆာနဲ့ အရိပ်အာဝါသကိုပေးတယ်။ ထို့အတူပဲ ... ဘုရား တရား သံဃာ ရတနာသုံးပါးရဲ့အရိပ် အာဝါသကောင်းကို ခိုလှုံရလို့လည်း ကြီးပွားချမ်းသာခြင်းကို ရတယ်။ ဒီအရိပ်အာဝါသတွေကို အမိအရ ခိုလှုံဖို့ လိုသလို၊ အရိပ်အာဝါသတွေကို မဖျက်ဆီးမိဖို့ ကျေးဇူးမကန်းမိဖို့ သတိထားရလိမ့်မယ်။
သစ်ပင်ကြီးကို ခုတ်လှဲပစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာ
ရောက်တာပဲ။ ဒါကြောင့် သစ်ပင်ကြီးမလဲအောင် ကြိုးစား ထိန်းသိမ်းကြပါ။
✿ ထုံးအိုးကြီး မကွဲပါစေနဲ့ ဆိုတာကတော့
ရိုးရာဓလေ့ ထုံးစံတွေကို ပြောတာပါ။ မိဘဘိုးဘွား လက်ထက်ကတည်းက လိုက်နာကျင့်သုံး လာကြတဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကောင်းတွေ မပျောက်ပျက်ရအောင် ထိန်းသိမ်းပြီး ဗုဒ္ဓဘာသာဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ လို့ ပြောလို တာပါ ။
( ရွှေဥမင်ဆရာတော်ဘုရားကြီး )
Monday, September 9, 2013
ရည်းစားထားသူများအတွက် အသဲကွဲအဆင့်များ ....
မူကြိုအဆင့် ..... အသဲကွဲ မျက်ရည်ပိုးစိုးပက်စက်ကျ မစားနိုင် မအိပ်နိုင် ရူးမတတ်ဖစ်
မူလတန်းအဆင့် .... အသဲကွဲ မျက်ရည်ကျ စိတ်နာ
အလယ်တန်းအဆင့် .... အသဲကွဲ မျက်ရည်မကျ ဘာမှမဖြစ်သလိုပာန်ဆောင်တတ်
အထက်တန်းအဆင့် .... အသဲမကွဲ ပျော်ပျော်ကြီးနေသည်
...
တက္ကသိုလ်အဆင့် .. တစ်ယောက်ပြတ်တော့မည်ဆိုလျှင် နောက်တစ်ယောက်အဆင်သင့်ရှာထားသည်
ဘွဲ့လွန်အဆင့် .... အနဲဆုံး သုံးယောက်လောက်တစ်ပြိုင်တည်းတွဲသည် အသဲကွဲတယ်ဆိုတာ ပြတိုက်မှာသွားကြည့်ရသောသူ ...
သင်ရောဘယ်အဆင့်မှာရှိမလည်း ...
Feelings Bin
Wednesday, August 28, 2013
"အိမ်ရိုက်သံ"
ဒီစာလေး
ဖတ်ပေးပါအုံး၊ သိပ်ကောင်းတဲ့ စာလေးပါ၊ သူငယ်ချင်းတစ်ယောက်ဆီကရတာပါ၊
ဒီစာလေးဖတ်ပြီး ဒဏ်ရာတွေများရှိနေလို့ ပျောက်ခဲ့မယ်ဆိုရင်………
ဒီစာလေးကိုကျေးဇူးပြုပြီး ဆုံးအောင်ဖတ်ပေးပါ…. ဟိုရှေးရှေးတုန်းက အင်မတန်
မှ စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေး တစ်ယောက်ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက
ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်းတစ်ခါ
စိတ်တိုတိုင်း သံတစ်ချောင်းကိုနောက်ဖေး က ၀င်းထရံတိုင်မှာ
သွားရိုက်ချေကွာတဲ့။
အဖေက
အဲဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ
ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းရိုက်သွင်း ဖြစ်သွားတယ်။ အဲဒီလိုနဲ့
သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်း ရိုက်ရင်း ကောင်လေးဟာ
သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့
ကျဲလာခဲ့တယ်။
ဒီလိုနဲ့ ကောင်လေးဟာ ၀င်းထရံမှာ
သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကိုထိန်းရတာ ပိုလွယ်မှန်း
သဘောက်ပေါက်လာတော့တယ်၊ အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေ နိုင်တဲ့နေ့ကို
ရောက်လာရော၊ ကောင်လေးက ပြေးပြီး သူ့အဖေကို သတင်း သွားပို့တယ်…. အဖေရေ…
သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျ။
အဲ့ဒီလိုကျတော့ သူအဖေက
တစ်မျိုးခိုင်းပြန်ရော…၊ မင်းကိုယ်မင်း ဒေါသမဖြစ်အောင်တစ်နေကုန်
ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နုတ်ဦးကွာ။ တစ်နေ့ ထိန်းနိုင်ရင်
ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။
ရက်တွေကြာလာတော့ ကောင်လေး က သူ့အဖေကိုပြောနိုင်သွားတယ်။ အဖေရေ
သားရိုက်ခဲ့တဲ့ သံတွေ အားလုံး ကိုနှုတ်ပြီး သွားပြီ၊ တစ်ချောင်းမှ
မကျန်တော့ဘူး။
သည်အခါ အဖေလုပ်တဲ့သူက သားရဲ့လက်ကို ဆွဲပြီး
သားရိုက်ခဲ့တဲ့ ၀င်းထရံဆီကို ခေါ်သွားတယ်၊ တော်တယ်ငါ့သားလို့လည်း ဆိုတယ်။
ဒါပေမယ့် သားသေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။
ဒီဝင်းထရံတိုင်တွေက အရင်တုန်းက လို ချောချောမွေ့မွေ့ မဟုတ်တော့ဘူးဆိုတာ
သားမြင်တယ် မဟုတ်လား။
အေး သားက စိတ်တိုတိုနဲ့ ပါးစပ်က
ပြောချလိုက်တဲ့ အခါ တစ်ဖက်သား ဆိုတဲ့ ၀င်းထရံတိုင်မှာ အခုလို
အမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။ အဲဒီလိုပဲ လူတစ်ယောက်ကို သားက
ဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင် ဓါးပြန်နုတ်ပြီး ရှိခိုးတောင်ပန်တယ်ဆိုပါစို့။
သားဘယ်နှစ်ခါဘဲ ရှိခိုးတောင်းပန်ပါစေ။
ဒဏ်ရာနဲ့ အမာရွတ်တွေကတော့ မလွဲမသွေ ကျန်ခဲ့မှာပဲ ငါ့သားရယ်….တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ ရတနာတွေပါပဲ။ သူတို့ဟာ
ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊ သုခတွေကို လည်း
မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့်
တစ်ခုခုဆို စိတ်လိုက်မာန်ပါ မလုပ်နဲ့။
သူတို့ကို
သံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ် မရောက်ပါစေနဲ့။ ကိုယ့်မိတ်ဆွေ
သူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက် ကြောင်း သူတို့ကို လည်း
သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာ အောင် လုပ်ပေးသင့်
ကြောင်းပြောကြားပေးပါ။
ဒါကြောင့် ကိုယ်တိုင်က သူငယ်ချင်း ကောင်း
မိတ်ဆွေကောင်း အဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေး ကို
လက်ဆင့်ကမ်းပါ။ ယုတ်စွအဆုံး ဒီစာလေးကို ပို့လိုက်တဲ့ သူဆီ ဒီအတိုင်း
ပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့ စာကိုယ့်ဆီပြန်ရောက်လာရင်
ကိုယ့်မှာ မိတ်ဆွေကောင်းတွေ ရှိနေတာကို အလိုလို ခံစားနိုင်မှာပါ။
(ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။ ရေးတဲ့သူက ဆရာအတ္တကျော်ပါ။)
ဆရာကြီး ပီမိုးနင်း၏ လူမှု့ရေး စာစုများ
( ၁) ပညာကြီးလျက် အပေါင်းမတတ်သူ၊ အဆင်းလှလျက် လူချစ်လူခင်မများသူတွေ များစွာရှိကြလေသည်။
( ၂) ချစ်စေလို နှုတ်ခမ်းလက်နှစ်သစ်၊ မုန်းစေလို နှုတ်ခမ်းလက်နှစ်သစ်။
( ၃) မှန်ကန်ခြင်း၌ အဖော်မလို။
( ၄) လောကမှာ သိစရာ တတ်စရာတွေ မကုန်နိုင်အောင် ရှိလေရာ၊ ငါသိလှပြီ တတ်လှပြီဟု ထင်နေသူများသည် မိမိဘာမျှ မတတ်သေးကြောင်း ကြေညာခြင်းပင်ဖြစ်သည်။
( ၅) အမိန့်ကို ကောင်းစွာ နာခံတတ်မှ အမိန့်ပေးသူအဖြစ်သို့ ရောက်နိုင်၏။ အမိန့်ကို သုန်မှုန်စွာ နားထောင်သူ သည် ကျေးကျွန်နှင့်တူ၏၊။ ရွှင်လန်းကြည်ဖြူစွာ နာခံတတ်သူကား သားကောင်းသမီးကောင်း တပည့်ကောင်းနှင့်တူ၏။
( ၆) မိမိအတွက် တစ်ပါးသူမှာ အနည်းငယ်မျှ ၀န်လေးခြင်း မရှိရအောင် သတိထားရမည်။
( ၇) အရာရာ၌ မလွန်ကျူးခြင်း၊ အနည်းငယ်မျှ ၀န်လေးခြင်း မရှိရလေအောင် သတိထားရမည်။
( ၈) တိုက်ရိုက်ပြောခြင်းသည် ခုခံစိတ်ကို ဖြစ်စေတတ်သည်၊ အဘယ်အရာကိုလုပ်ပါဟု ပြောမည့်အစား လုပ်လျှင် အဘယ်အကျိုးမျိုးဖြစ်မည်ကို ပြောရမည်။
( ၉) သိလိုသောစိတ်သည် ဂရုစိုက်သောစိတ်ဖြစ်၏။ ဂရုစိုက်ခြင်းသည် အရေးယူခြင်း လေးစားခြင်းပင် ဖြစ်လေသည်။
(၁၀)အချိန်ရှိသရွေ့ အမှားပြင်နိုင်၏
( ၂) ချစ်စေလို နှုတ်ခမ်းလက်နှစ်သစ်၊ မုန်းစေလို နှုတ်ခမ်းလက်နှစ်သစ်။
( ၃) မှန်ကန်ခြင်း၌ အဖော်မလို။
( ၄) လောကမှာ သိစရာ တတ်စရာတွေ မကုန်နိုင်အောင် ရှိလေရာ၊ ငါသိလှပြီ တတ်လှပြီဟု ထင်နေသူများသည် မိမိဘာမျှ မတတ်သေးကြောင်း ကြေညာခြင်းပင်ဖြစ်သည်။
( ၅) အမိန့်ကို ကောင်းစွာ နာခံတတ်မှ အမိန့်ပေးသူအဖြစ်သို့ ရောက်နိုင်၏။ အမိန့်ကို သုန်မှုန်စွာ နားထောင်သူ သည် ကျေးကျွန်နှင့်တူ၏၊။ ရွှင်လန်းကြည်ဖြူစွာ နာခံတတ်သူကား သားကောင်းသမီးကောင်း တပည့်ကောင်းနှင့်တူ၏။
( ၆) မိမိအတွက် တစ်ပါးသူမှာ အနည်းငယ်မျှ ၀န်လေးခြင်း မရှိရအောင် သတိထားရမည်။
( ၇) အရာရာ၌ မလွန်ကျူးခြင်း၊ အနည်းငယ်မျှ ၀န်လေးခြင်း မရှိရလေအောင် သတိထားရမည်။
( ၈) တိုက်ရိုက်ပြောခြင်းသည် ခုခံစိတ်ကို ဖြစ်စေတတ်သည်၊ အဘယ်အရာကိုလုပ်ပါဟု ပြောမည့်အစား လုပ်လျှင် အဘယ်အကျိုးမျိုးဖြစ်မည်ကို ပြောရမည်။
( ၉) သိလိုသောစိတ်သည် ဂရုစိုက်သောစိတ်ဖြစ်၏။ ဂရုစိုက်ခြင်းသည် အရေးယူခြင်း လေးစားခြင်းပင် ဖြစ်လေသည်။
(၁၀)အချိန်ရှိသရွေ့ အမှားပြင်နိုင်၏
Subscribe to:
Posts (Atom)






















