_(())_ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ _(())_
- သတ္တ၀ါအလီလီ ခိုမှီပေါလတ်
လောကဓာတ် ကမ္ဘာအတွင်း၌
မေတ္တာအေးလှူ ဖွေးဖြူပ၀င်း ငွေလမင်းကြီးသည်
သတ္တ၀ါတစ်တွေ အေးမြစေဖို့
အသရေရွင်းကာ ကောင်းမွန်စွာ
သူလည်းဝမ်းသာ၊ ငါလည်းရွှင်ပြုံး ၊
နှလုံးစိတ်ဝမ်း လန်းလာယခု
ချမ်းသာကိုပြုလျှက်
ရန်လည်းကင်းဝေး ဘေးလည်းမခ
အအေးရပ်ပေါ် ရွှင်းမြအသရေ
ထွန်းပပါစေသတည်း...။
- မေတ္တာဖွေးလျှပ် အအေးဓာတ်ဆောင်သည့်
အရောင်ဝါတို့သည်(ဖြင့်)
ဖုံဖုံလွှမ်းထုံ မွှမ်းမလပ် ထိတွေ့အပ်ကုန်သော
ကမ္ဘာခေတ်ဗွေ အပြည်ပြည်၌
တည်နေများစွာ သတ္တ၀ါတို့သည်
ကိုယ်စိတ်အေးကာ ဘေးရန်ကွာလျှက်
ဝမ်းသာတကွ ချမ်းသာကြပါစေသတည်း...။ "
- ( သပြေကန်ဆရာတော်ကြီးနှင့်သီတဂူဆရာတော်ဘုရားကြီးတို့
ပွားများရွတ်ဖတ်လေ့ရှိသော မေတ္တာပို့ )
0 comments:
Post a Comment