_(())_ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ _(())_
- သတ္တ၀ါအလီလီ ခိုမှီပေါလတ်
လောကဓာတ် ကမ္ဘာအတွင်း၌
မေတ္တာအေးလှူ ဖွေးဖြူပ၀င်း ငွေလမင်းကြီးသည်
သတ္တ၀ါတစ်တွေ အေးမြစေဖို့
အသရေရွင်းကာ ကောင်းမွန်စွာ
သူလည်းဝမ်းသာ၊ ငါလည်းရွှင်ပြုံး ၊
နှလုံးစိတ်ဝမ်း လန်းလာယခု
ချမ်းသာကိုပြုလျှက်
ရန်လည်းကင်းဝေး ဘေးလည်းမခ
အအေးရပ်ပေါ် ရွှင်းမြအသရေ
ထွန်းပပါစေသတည်း...။
- မေတ္တာဖွေးလျှပ် အအေးဓာတ်ဆောင်သည့်
အရောင်ဝါတို့သည်(ဖြင့်)
ဖုံဖုံလွှမ်းထုံ မွှမ်းမလပ် ထိတွေ့အပ်ကုန်သော
ကမ္ဘာခေတ်ဗွေ အပြည်ပြည်၌
တည်နေများစွာ သတ္တ၀ါတို့သည်
ကိုယ်စိတ်အေးကာ ဘေးရန်ကွာလျှက်
ဝမ်းသာတကွ ချမ်းသာကြပါစေသတည်း...။ "
- ( သပြေကန်ဆရာတော်ကြီးနှင့်သီတဂူဆရာတော်ဘုရားကြီးတို့
ပွားများရွတ်ဖတ်လေ့ရှိသော မေတ္တာပို့ )
အောက်တိုဘာ ၁၉ ရက်၊သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံစေတီတော်မြတ်တွင် ဘုရားဖူးများနှင့်စည်ကားလျှက်ရှိသည်ကို တွေ့ရသည်။
သတင်း၊ ဓာတ်ပုံ - ထွဋ်မြတ်
Popular Journal
သီတင်းကျွတ် လပြည့်နေ့မှာ ဘုရားမသွားနိုင်သော ပရိတ်သတ်ကြီးအတွက်.....
ရွှေတိဂုံဘုရား စိန်ဖူးတော်ကို ဖူမျှော်ကြည်ညိုနိုင်ရန် တင်ပေးလိုက်ပါတယ်.....
၁။အိုးမင်းရင့်ရော်သောအခါ၊အိုးမင်စွမ်းသောအခါမျိုးမှာ
တရားအားမထုတ်သင့်ပါ။
၂။အနာရောဂါ မခံမရပ်နိုင်အောင် ပြင်းထန်စွာ နှိပ်စက်ခြင်းခံနေရသော အခါမျိုးမှာ တရားအားမထုတ်သင့်ပါ။
၃။အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း ရှားပါးခြင်းအခါမျိုးမှာ တရားအားမထုတ်သင့်ပါ။
၎။တိုင်းပြည်အတွင်း သူခိုးဓားပြများ ဆူပူသောင်းကျန်းနေသောအခါမျိုးမှာ တရားအားမထုတ်သင့်ပါ။
၅။သံဃာတော်များ တစ်ပါးနှင့်တစ်ပါးမတည့် အချင်းချင်း ကွဲပြားကြသောအခါမျိုးမှာ ကမ္မဋ္ဌာန်းတရားအားမထုတ်သင့်သော
အချိန်အခါမျိုးဖြစ်နေလို့ မြတ်စွာဘုရား
ဟောကြားတော်မူခဲ့ပါတယ်။
ဒါ့ကြောင့်သူတော်ကောင်းများကို သတိပေးလိုက်ပါရစေ…။
မအိုခင်၊
အနာရောဂါမရခင်၊
အစာရေစာမငတ်မွတ်ခင်၊
တိုင်းပြည်အတွင်း သူခိုးဓာပြများမဆူပူခင်၊ ရဟန်းသံဃာများမကွဲပြားသေးခင်
ကြိုတင် ပြီးတော့ တရားဓမ္မများကို
အားထုတ်သင့်လှသောအချိန်ဖြစ်ပါတယ်။
ရွှေတရော်အရှင်ဇောတိက(ဗာရာဏသီ )
ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ
ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု
ဗျာဓိတ်ပေးသော “ ဒီပင်ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင်
ပွင့်တော်မူကြသော ဘုရားရှင်များ မှ
“ဂေါတမ” ဘုရားရှင်အထိ ပွင့်လေခဲ့ပြီးသော ဘုရားရှင်များကို
နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။
နှစ်ကျိပ်ရှစ်
(၂၈) ဆူကုန်သော ဘုရားရှင်တို့အား အကျွန်ုပ်သည် ဦးခေါင်းရတနာဖြင့်
ရှိခိုးပါ၏။ ဟု သမ္ဗုဒ္ဓေဂါထာတော်တွင် ရွတ်ဆိုလေ့ရှိသည် …
၁။ ဘုရားရှင် ၁ ဆူ ပွင့်သော ကမ္ဘာ ကို “သာရ ကမ္ဘာ “
၂။ ဘုရားရှင် ၂ ဆူ ပွင့်သော ကမ္ဘာ ကို “မဏ္ဍ ကမ္ဘာ”
၃။ ဘုရားရှင် ၃ ဆူ ပွင့်သော ကမ္ဘာ ကို “၀ရ ကမ္ဘာ”
၎။ ဘုရားရှင် ၄ ဆူ ပွင့်သော ကမ္ဘာ ကို “သာရမဏ္ဍ ကမ္ဘာ”
၅။ ဘုရားရှင် ၅ ဆူ ပွင့်သော ကမ္ဘာ ကို “ဘဒ္ဒ ကမ္ဘာ”
- ဟု ခေါ် ဝေါ်ကြသည်။
(၂၈) ဆူသော ဘုရားများရေတွက်ပုံ
” သာရ ကမ္ဘာ” (၄) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၄) ဆူ
” မဏ္ဍ ကမ္ဘာ” (၃) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၆) ဆူ
” ၀ရ ကမ္ဘာ” (၂) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၆) ဆူ
” သာရမဏ္ဍကမ္ဘာ” (၂) ကမ္ဘာ ပါဝင်သောကြောင့် – ဘုရား (၈) ဆူ
” ဘဒ္ဒ ကမ္ဘာ ” (၁) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၅) ဆူ
သို့သော် “ဘဒ္ဒ ကမ္ဘာ” တွင် “အရိမေတ္တေယျ” ဘုရားရှင် ပွင့်ရန်
ကျန်သေးသောကြောင့် ပထမ ” သာရ ကမ္ဘာ ” တွင် ပွင့်သော ” တဏှင်္ကရာ ” ဘုရားရှင်
မှ “ဘဒ္ဒ ကမ္ဘာ” မှ (၄) ဆူမြောက် ဂေါတမ ဘုရားရှင် အထိ (၂၈)ဆူ ရှိလေသည်။
ဂေါတမမြတ်စွာဘုရား အပါအဝင် ပွင့်တော်မူပြီးသော ဘုရားရှင် (၂၈) ဆူ
၁) တဏှင်္ကရာ ဘုရားရှင်
၂) မေဓင်္ဂရာ ဘုရားရှင်
၃) သရဏှင်္ဂရာ ဘုရားရှင်
၎) ဒီပင်္ကရာ ဘုရားရှင်
၅) ကောဏ္ဍည ဘုရားရှင်
၆) မင်္ဂလ ဘုရားရှင်
၇) သုမန ဘုရားရှင်
၈) ရေ၀တ ဘုရားရှင်
၉) သောဘိတ ဘုရားရှင်
၁၀) အနောမဒဿီ ဘုရားရှင်
၁၁) ပဒုမ ဘုရားရှင်
၁၂) နာရဒ ဘုရားရှင်
၁၃) ပဒုမုတ္တရ ဘုရားရှင်
၁၄) သုမေဓာ ဘုရားရှင်
၁၅) သုဇာတာ ဘုရားရှင်
၁၆) ပိယဒဿီ ဘုရားရှင်
၁၇) အတ္ထဒဿီ ဘုရားရှင်
၁၈) ဓမ္မဒဿီဘုရားရှင်
၁၉) သိဒ္ဓတ္ထ ဘုရားရှင်
၂၀) တိဿ ဘုရားရှင်
၂၁) ဖုဿ ဘုရားရှင်
၂၂) ၀ိပဿီ ဘုရားရှင်
၂၃) သိခီ ဘုရားရှင်
၂၄) ဝေဿဘူ ဘုရားရှင်
၂၅) ကကုသန် ဘုရားရှင်
၂၆) ကောဏဂုံ ဘုရားရှင်
၂၇) ကဿပ ဘုရားရှင်
၂၈) ဂေါတမ ဘုရားရှင်
World of Wisdom

၁။ စိတ်ရှည်ခြင်း
၂။ မကြွားဝါတတ်ခြင်း
၃။ ဒေါသမလွန်ကဲခြင်း
၎။ အတ္တမာနမကြီးခြင်း
၅။ ကျေးဇူးတရားသိတတ်ခြင်း
၆။ ဂုဏ်တုဂုဏ်ပြိုင်မလုပ်ခြင်း
၇။ မိမိကိုယ်ကျိုးမကြည့်တတ်ခြင်း
၈။ သူတပါးအပြစ်ကိုစိတ်မှတ်မထားခြင်း
၉။ အပြစ်မြင်အပြစ်တင်မပြောတတ်ခြင်း
၁၀။ မကောင်းမှုကိုမနှစ်သက်မလိုလာခြင်း
၁၁။ ကုသိုလ်ကောင်းမှုကို ကြိုးပမ်းရယူခြင်း
၁၂။ သီးမခံနိုင်တဲ့အထိသီးခံခြင်း
သူတော်ကောင်းတရား(၁၂)ပါထဲမှာ ကိုယ်ဘယ်လောက်ရထားပြီလဲ ကိုယ့်ကိုယ်ကိုယ်မလိမ်ညာစတမ်း ဆန်းစစ်ဝေဖန် ဖြည်ဆည်းကျင့်ကြံနိုင်စေရန် …
World of Wisdom
၁။ ကောင်းစွာအိပ်ရခြင်း၂။ ကောင်းစွာနိုးရခြင်း၃။ ကောင်းသောအိမ်မက်ကို မြင်မက်ရခြင်း
၎။ လူအများချစ်ခင် မြတ်နိုးခြင်း
၅၊ နတ်တို့ ချစ်မြတ်နိုးခြင်း
၆။ မီး၊ လက်နက် ၊ အဆိပ် စသည်တို့ဖြင့် မနှိပ်စက်နိုင်ခြင်း
ရ။ စိတ်တည်ကြည်ခြင်း
၈။ မျက်နှာ အဆင်းတင့်တယ်ခြင်း၊
၉။ နတ်တို့ ကောင်းစွာစောင့်ရှောက်ခြင်း
၁၀။ မတွေဝေခြင်း
၁၁။ ဗြဟ္မာပြည်သို့လားရခြင်း