Thursday, August 29, 2013

တရားအားမထုတ်သင့်သောအခါ(၅)မျိုး

၁။အိုးမင်းရင့်ရော်သောအခါ၊အိုးမင်စွမ်းသောအခါမျိုးမှာ
တရားအားမထုတ်သင့်ပါ။

၂။အနာရောဂါ မခံမရပ်နိုင်အောင် ပြင်းထန်စွာ နှိပ်စက်ခြင်းခံနေရသော အခါမျိုးမှာ တရားအားမထုတ်သင့်ပါ။

၃။အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း ရှားပါးခြင်းအခါမျိုးမှာ တရားအားမထုတ်သင့်ပါ။

၎။တိုင်းပြည်အတွင်း သူခိုးဓားပြများ ဆူပူသောင်းကျန်းနေသောအခါမျိုးမှာ တရားအားမထုတ်သင့်ပါ။

၅။သံဃာတော်များ တစ်ပါးနှင့်တစ်ပါးမတည့် အချင်းချင်း ကွဲပြားကြသောအခါမျိုးမှာ ကမ္မဋ္ဌာန်းတရားအားမထုတ်သင့်သော
အချိန်အခါမျိုးဖြစ်နေလို့ မြတ်စွာဘုရား
ဟောကြားတော်မူခဲ့ပါတယ်။


ဒါ့ကြောင့်သူတော်ကောင်းများကို သတိပေးလိုက်ပါရစေ…။

မအိုခင်၊
အနာရောဂါမရခင်၊
အစာရေစာမငတ်မွတ်ခင်၊
တိုင်းပြည်အတွင်း သူခိုးဓာပြများမဆူပူခင်၊ ရဟန်းသံဃာများမကွဲပြားသေးခင်
ကြိုတင် ပြီးတော့ တရားဓမ္မများကို
အားထုတ်သင့်လှသောအချိန်ဖြစ်ပါတယ်။

ရွှေတရော်အရှင်ဇောတိက(ဗာရာဏသီ )



0 comments:

Post a Comment