Thursday, August 29, 2013

ဆီးရီးယားမှ တိုက်ခိုက်လာပါက ပြင်းပြင်းထန်ထန်တုန့် ပြန်မည်


အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုက ၄င်းတို့အား ဆီးရီးယား ကတိုက်ခိုက် လာပါက ပြင်းထန်စွာ တုန့်ပြန် သွား မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ထားသည်။ ဆီးရီးယား အစိုးရကို စစ်ရေးအရ အရေး ယူ ဆောင်ရွက်မှု များပြုလုပ်ရန် အမေ ရိကန်ပြည်ထောင်စုက စဉ်းစားနေချိန်တွင် အစ္စရေးဝန်ကြီးချုပ်က အင်္ဂါနေ့တွင် ထို ကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဆီးရီးယား အရေးကို တိုင်ပင် ဆွေးနွေးအပြီးတွင် အစ္စရေး ၀န်ကြီးချုပ်က အစ္စရေးနိုင်ငံဟာ ဖြစ်နိုင်ခြေ ရှိတာတွေ အားလုံးအတွက် ပြင်ဆင်ထားပါ တယ်။ ကျွန်တော်တို့ ဟာဆီးရီးယား ပြည်တွင်း စစ်မှာ ပါဝင်ပတ်သတ် ထားခြင်းမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို ထိခိုက်မှု တွေရှိလာ ရင်တော့ ပြင်းပြင်း ထန်ထန် တုန့်ပြန်သွားမှာ ဖြစ်ပါတယ် ဟု ဆိုထားသည်။

ဆီးရီးယား အစိုးရက ၄င်းတို့အား အမေရိကန်နှင့် မဟာ မိတ်နိုင်ငံများက လာရောက်တိုက်ခိုက်ပါ က ပြန်လည်တုန့်ပြန်သွားရန် ဆုံးဖြတ်ထားချိန် တွင် အစ္စရေးဝန်ကြီးချုပ်၏ ပြောစကားထွက်ပေါ် လာခြင်းဖြစ်သည်။ အမေရိကန်နှင့် အနောက် နိုင်ငံများက ဆီးရီးယား အစိုးရသည် ဆီးရီးယားနိုင်ငံ သားများကို ဓါတု လက်နက်များဖြင့် ပြီးခဲ့ သော သတင်းပတ်တွင် တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲထားကြသည်။ ဆီးရီးယား နိုင်ငံခြား ရေးဝန်ကြီး ၀ါလစ်မူလန်က ၄င်းတို့၏စွမ်း ဆောင်နိုင်မှုသည် နိုင်ငံတကာကို အံ့အား သင့်စေမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့အပြင် ၄င်းက မည်သည့်စစ်ရေး အရအရေး ယူ ဆောင် ရွက်မှု မဆိုသည် အစ္စရေးနှင့် အယ်လ်ခိုင်ဒါ တို့၏ အကျိုးစီးပွား များကိုဖြစ်ပေါ်စေမည်ဟုလည်း သတိပေး ထားသေးသည်။ ၀ါရှင်တန်အစိုးရကမူ ဆီးရီးယား အစိုးရသည် ဓါတုလက်နက်ဖြင့် တိုက် ခိုက်ခဲ့ခြင်းများကို ဖုံးကွယ်ရန် ကြိုးစားနေပြီး ဓါတုလက်နက်ဖြင့် တိုက်ခိုက်ခြင်း၏နောက်ကွယ်တွင် ပါဝင်သူများနှင့် ပတ်သတ်
သည့်သက်သေ အထောက် အထားများကို ပိုမိုဖော် ထုတ်ပေးမည် ဟု ပြောကြားထားသည်။

အမေရိကန် ကာကွယ်ရေး ၀န်ကြီးချက် ဟေဂယ်ကလည်း အမေရိကန်သမ္မတ အိုဘားမားက အမိန့်ပေးပါ စစ်ရေးအရ ဆောင်ရွက်ရန် ပြင်ဆင်ထား သည်ဟုလည်း ဆိုထားသည်။ တစ်ချိန်တည်းတွင် အစ္စရေး တွင် ဓါတ်ငွေ့ကာ မျက်နှာဖုံးများ ပြန်လည် ခေတ်စား လာနေပြီး ပြီးခဲ့သောရက်ပိုင်း အတွင်းတို့တွင် အစ္စရေး တွင် ဓါတ်ငွေ့ကာ မျက်နှာဖုံး ရောင်းအား ၃၀၀ ရာခိုင်နှုန်းမြင့် တက်ခဲ့ကြောင်းသိရသည်။

messenger news



0 comments:

Post a Comment