Thursday, August 29, 2013

ယာဉ်ကြောပိတ်ဆို့လို့ ရထားစီးသူများလာ

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုများ ဆိုးရွားလာသည့် အတွက် မြို့ပတ်ရထားစီးနင်းမှု ပိုမိုများပြားလာကြောင်း သိရ သည်။
မြို့ပတ်ရထားစီးနင်းရာတွင် လမ်းပိတ်ဆို့မှုမရှိသည့်အတွက် အချိန်ကုန်သက်သာခြင်း၊ ခရီး စရိတ်သက်သာခြင်းတို့ကြောင့် မြို့ပတ်ရထားကို ပြောင်းလဲစီးနင်း လာခြင်းဖြစ်ကြောင်း သိရသည်။
''အရင်တုန်းကတော့ ကားပဲ စီးတယ်။ ခုနောက်ပိုင်း ယာဉ် ကြောပိတ်ဆို့မှုက အရမ်းဆိုးရွား လာလို့ ရထားပြောင်းစီးဖြစ်တာ တစ်လလောက်ရှိသွားပြီ။ ရထား က လမ်းပိတ်တာမရှိဘူး။ စရိတ် လဲ သက်သာတယ်။ ဒါပေမဲ့ ရထား ပြေးဆွဲချိန်တွေကို တိုးမြှင့်ဆွဲပေး ရင် ပိုအဆင်ပြေမယ်''ဟု သင်္ဃန်း ကျွန်းမြို့နယ်တွင်နေထိုင်သူ ဒေါ် ဇင်မာညွန့်က ပြောသည်။
''မြောက်ဒဂုံကနေ မြို့ထဲကို နှစ်နာရီလောက် ကားစီးရတယ်။ ရထားက ၄၅မိနစ်ပဲကြာတယ်။ လမ်းပိတ်တာလဲ မရှိဘူး။ ကားနဲ့ ဆိုရင် လမ်းပိတ်တာနဲ့တင် အချိန် တော်တော်များများက လမ်းပေါ် မှာ ကုန်သွားတယ်။ ရထားက သတ်မှတ်ဆိုက်ရောက်ချိန်အတိုင်း တိတိကျကျရောက်ရင် ပိုပြီးအ ဆင်ပြေတယ်။ အချိန်တွက်ပြီးအလုပ်လုပ်လို့ရတယ်''ဟု မြောက် ဒဂုံမှ မြို့ထဲသို့ သင်တန်းလာတက် သူ ဦးမျိုးသန့်ဇင်က ပြောသည်။
မြို့ပတ်ရထားများ ပြေးဆွဲ ရာတွင် ဆိုက်ရောက်ချိန် ပိုမိုတိကျ ပါက အချိန်နှင့်တစ်ပြေးညီ လုပ် ကိုင်နိုင်သည့်အတွက် ပိုမိုအဆင် ပြေစေနိုင်မည်ဖြစ်ကြောင်း ခရီးသွား ပြည်သူများက ပြောသည်။

Yangon Media Group


0 comments:

Post a Comment