ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ
လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်မစ္စ တာကင်တားနားတစ်ယောက်
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စတွေ မှန် မှန်ကန်ကန်ဆောင်ရွက်ရန်
အပြုသဘောဆောင်ပြောကြားဖို့ မြန်မာ နိုင်ငံ
ကို ရောက်ရှိလာပါတယ်။ သို့သော် ကင်တာနားကိုရောက်တဲ့နေရာတိုင်းမှာ
ဆန္ဒပြနေကြပါတယ်။ ကုလသမဂ္ဂ ရဲ့ကိုယ်စားလှယ်လို့ နာမည်တပ်ထားပေ မယ့်
ကင်တာနားဟာ မွတ်ဆလင်တွေရဲ့ကိုယ်စားလှယ်သာ ဖြစ်တယ် လို့ ဒေသခံတွေက
ထင်နေတဲ့အတွက် ဆန္ဒပြခဲ့ကြတာပါ။
မိတ္ထီလာ ရောက်တော့လဲ
ဒေသခံတွေအနေနဲ့ သူတို့ရဲ့ ခံစားချက်တွေ ကိုပြောချင်လွန်းလို့၊
ပြောခွင့်မရခဲ့ရင်လဲ အိတ်ဖွင့်ပေးစာပေးဖို့ သူ့ကားအ နားကို ကပ်ခဲ့ကြတာပါ။
ဟုတ် မဟုတ်၊ မှန်မမှန် မိတ္ထီလာမှာရှိတဲ့ တိုင်းရင်း သားတွေကို
သွားမေးကြည့်နိုင်ပါတယ်။ ကင်တားနားပြောသလို သူ့ အတွက်
လုံခြုံရေးတွေလုပ်မပေးဘူး ဆိုတာကလဲ မမှန်တဲ့စကားရပ်ပါ။ ကင်တာနားအ တွက်
အစိုးရက လုံခြုံရေးတွေ အပြည့်အစုံပေးထားတာမို့ အီဂျစ်တို့၊ အီရတ် တို့
နိုင်ငံတွေမှာလို အသေခံဗုံးခွဲမှာ မစိုးရိမ်ရပါဘူး။ ပဋိပက္ခ တစ်ခုခု ဖြစ်လာ
ရင် မွတ်ဆလင်တွေသာ နစ်နာတာမဟုတ်ပါဘူး။ ကျန်တဲ့ဘာသာကို ကိုးကွယ်သူတွေလည်း
နစ်နာဆုံးရှုံး တာပါပဲ။
ဒီမိုကရေစီလမ်းကြောင်းနဲ့သွားနေတဲ့နိုင်ငံအတွက်ရှေ့ဆက်လှမ်းရမယ့်
ခြေလှမ်းတွေ တန့်တန့်နေပါတယ်။မြန်မာနိုင်ငံအတွင်းမှာ ဖြစ် ပျက်နေတာတွေ၊
ဆက်စပ်တွေတာ၊ တိုက်ဆိုင်မှုတွေဟာ ပြဿနာမဖြစ်ဖြစ်အောင် ဖန်တီးနေ
သူတွေရှိနေတယ်လို့ထင်ပါတယ်။ ဘာကြောင့်ဒီလိုပြောရသလဲဆိုရင်…ကင်
တားနားမြန်မာနိုင်ငံကိုမလာခင် ကလေးမှာ အမျိုးသမီးတစ်ဦးအလောင်းနဲ့
ပတ်သက်လို့ မွတ်ဆလင်တွေကရဲတပ်ဖွဲ့ဝင်တွေကိုပြဿနာရှာတဲ့ဖြစ်ရပ်
လုပ်ဆောင်ခဲ့ပါတယ်။ ပြည်နယ်အစိုးရလူကြီးတွေက ဖြေရှင်းလိုက်လို့
ငြိမ်းအေးသွားခဲ့ပါတယ်။
ကင်တားနားမြန်မာ နိုင်ငံကနေပြန်သွားပြီးတဲ့နောက်မှာ ကန့်ဘလူမှာပြဿ နာဖြစ်ပါတယ်။ဒါလဲ မွတ်ဆလင်ဘာသာဝင်တစ်ဦးကစလို့ ဖြစ် ရတာပါပဲ။
ကင်တာနားက သူ့အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ဘက်လိုက်ခြင်းမရှိပါဘူး။
သူဟာတောင်အမေရိကတိုက်က အာဂျင်တီးနားနိုင်ငံသားပါ။ အာ ဂျင်တီးနားမှာ
မူဆလင်အသိုင်းအ၀ိုင်းလည်းမရှိသလိုဗုဒ္ဓဘာသာ အသိုင်း အ၀ိုင်းလည်း
မရှိပါဘူးလို့ပြောပါတယ်။ ဒါကြောင့်မို့ သူ့အနေနဲ့ ဒီပြဿ နာတွေမှာ
တဘက်ဘက်ကို ဘက်လိုက် ဆောင်ရွက်စရာ အကြောင်း လုံးဝမရှိပါဘူးလို့
ပြောခဲ့ပါတယ်။ ပြောတဲ့အတိုင်းသာ သူတကယ် လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့
ဝမ်းမြောက်ဝမ်းသာကြို ဆိုပါတယ်။
ဒါပေမယ့် ကင်တားနားဟာ မွတ်ဆလင်ဘာသာနဲ့သက်ဆိုင်ခြင်းမရှိလို့ ဘက်လိုက်ခြင်းမရှိဘူးဆိုပေမယ့် သူရဲ့ လုပ်ရပ်တွေဟာ ဘက်တစ်ဘက် တည်းကိုသာကြည့်ပြီး အစီရင်ခံစာရေးတင်တဲ့အတွက် ဒေသခံတွေက ဘက်လိုက် တယ်လို့ ယူဆခဲ့ပါတယ်။ မွတ်ဆလင်တိုင်းပြည်တွေမှာအလုပ် လုပ်ဖူးပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကုလသမဂ္ဂ ကိုယ်စားလှယ် အဖြစ်နှစ်ပေါင်းများစွာကြာကြာလုပ်ကိုင်ခဲ့သူဖြစ်တဲ့ဒေါက်တာ ဒေါ်ရင်ရင်နွယ်ကိုယ်တိုင်က ကင်တာနား ဘက်လိုက်ခဲ့တယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။
ထားပါတော့ ဘက်မလိုက်ဘူးပဲ ထားပါတော့ ..ဒါပေမယ့် အမှန် အတိုင်း ပြောသင့်တဲ့စကားတွေတော့ ကင်တားနားမပြောခဲ့ပါဘူး။
မြန်မာနိုင်ငံမှာနေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ခံစားချက်ကိုတော့ ကင်တားနား ပြည့်ပြည့်စုံစုံမသိပါဘူး။မသိ လို့လည်း သူ့အနေနဲ့ မွတ်ဆလင်တွေအပေါ်သနားစိတ်ဝင်နေတာဖြစ်ပါတယ်။ ရှည်ရှည်ဝေးဝေးမပြောချင်ပါဘူး။ သူတို့ အစ္စလာမ်ကိုးကွယ်တဲ့ တိုင်းပြည်တွေနဲ့ နှိုင်းယှဉ်ကြည့်မှ မြန်မာနိုင်ငံဖြစ်ပျက်နေတဲ့ကိစ္စတွေ
ရှင်းရှင်းလင်းလင်းမြင်ပါ လိမ့်မယ်။
ပြီးတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ပဋိပက္ခတွေဟာ မွတ်ဆလင်ဘာ သာဝင်တွေက စတင်လို့ဖြစ်ရတာကို လဲ မစ္စတာကင်တာနား ခွဲခွဲခြားခြား သိစေချင်ပါတယ်။ အဲလိုမှသိပြီး သိတဲ့အတိုင်းသတင်းထုတ်ပြန်ပေးပါ။ ဒါဟာ တကယ့်ဖြစ်ရပ်မှန်တွေပါပဲ။မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေ အပေါ် တစ်ခြားဘာသာဝင်တွေက အကြောင်းမဲ့ အနိုင်ကျင့်တာလုံးဝ (လုံးဝ) မရှိပါဘူး။ မွတ်ဆလင်တွေက ရန်စလို့ဖြစ်ခဲ့ရတာချည်းပါပဲ ဆိုတာငြင်းလို့မ ရတဲ့ဖြစ်ရပ်မှာ။ နောက်ပိုင်းကျမှသာ မြန်မာတွေက မခံမရပ်နိုင်ဖြစ်လွန်းလို့ လူအုပ်စုဖွဲ့ ဖျက်ဆီးမှုတွေဖြစ်လာတာပါ။ ဒါကိုလည်း အစိုးရက ဥပဒေအတိုင်း လုပ်ဆောင်နေပါတယ်။ ဘယ်ဘာသာဝင်ကိုမဆို သူကျူးလွန်တဲ့ ပြစ်မှုအတိုင်းအတာအရ အရေးယူအပြစ်ပေးနေပါ တယ်။
ဒါလဲအမှန်တရားပါပဲ။ ဒါတွေကို ကင်တားနား တကယ်သိတယ်ဆိုရင် မြန်မာလူထုက ကင်တားနားကို ကြိုဆို နေမှာပါ။
အမေ့အိမ်
0 comments:
Post a Comment