Friday, August 30, 2013
မြို့နယ်အလိုက် လျှပ်စစ်ဖြန့်ဖြူးခွင့်ကို နာမည်ကျော် ကုမ္ပဏီကြီးအချို့ အပါအ၀င် ကုမ္ပဏီ ၂၀ ကျော်က ရယူ၊ ပဲခူးအရှေ့မြို့နယ် ၃၇ မြို့နယ် စလုံးကို အေးရှားဝေါလ် ကုမ္ပဏီက တစ်ဦးတည်း လုပ်ကိုင်ခွင့်ရရှိ
မြို့နယ်အလိုက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ကို နာမည်ကျော် ကုမ္ပဏီကြီးအချို့ အပါအ၀င် ကုမ္ပဏီ ၂၀ ကျော်က လုပ်ကိုင်ခွင့် ရရှိထားကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး (အရှေ့)ရှိ မြို့နယ် ၃၇ ခုစလုံး၏ ပုဂ္ဂလိက အနေဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ကို အေးရှားဝေါလ် ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိကြောင်း သိရသည်။
ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ရှမ်းစသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ် ၈၄ ခုအား ပုဂ္ဂလိက ကုမ္ပဏီ ၂၀ ကျော်မှ လုပ်ကိုင်ခွင့် ရရှိထားခြင်းဖြစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့နှင့် နိုင်ငံတော် သမ္မတကလည်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများထဲတွင် အေးရှားဝေါလ်ကုမ္ပဏီ (Gold Energy Co., Ltd အမည်ဖြင့်)၊ Ruby Dragon Con-struction၊ Capital Development၊ ဧဒင်စွမ်းအင်နှင့် သဘာဝရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတို့ကဲ့သို့ ကုမ္ပဏီကြီးများ ပါဝင်ပြီး လက်ရှိအချိန်အထိ ဆိုပါက အေးရှားဝေါလ် ကုမ္ပဏီမှ မြို့နယ်အများဆုံး ဖြန့်ဖြူးခွင့် ရရှိထားသည်။
ပုဂ္ဂလိက ဓာတ်အားဖြန့်ဖြူးခွင့် ရရှိသည့် ကုမ္ပဏီများသည် နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားအပြင် ဓာတ်အားလျော့နည်း ချိန်နှင့် ဓာတ်အား ပြတ်တောက်ချိန်တွင် အစားထိုးပေး နိုင်ရန်အတွက် အရန်ဓာတ်အား ထုတ်လုပ်ကာ ဖြန့်ဖြူးရမည်ဖြစ်ပြီး အရန်ဓာတ်အား စနစ်အား ရေအားလျှပ်စစ် သို့မဟုတ် ကျောက်မီးသွေးသုံး သို့မဟုတ် သဘာဝဓာတ်ငွေ့သုံး စက်ရုံစသည်ဖြင့် မည်သို့ထုတ်လုပ်မည်ကို တင်ပြထားကြရကြောင်း သိရသည်။ ပုဂ္ဂလိက ကုမ္ပဏီများအား အနည်းဆုံး ၁၅ နှစ်အထိ လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေပြီး ပထမအကြိမ် ငါးနှစ်၊ နောက်ထပ် ငါးနှစ် နှစ်ကြိမ်အထိ ခွင့်ပြုပေးရန် စီစဉ်နေခြင်းဖြစ်သည်။
ပုဂ္ဂလိကသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်များ ချထားပေးသော်လည်း လက်ရှိအချိန်အထိ လျှပ်စစ်ဥပဒေမရှိ၊ အဓိက လိုအပ်သည့် ဓာတ်အားခ စံနှုန်းသတ်မှတ် ထားချက်များကို ထင်သာမြင်သာ ထုတ်ပြန်သတ်မှတ်ထားခြင်း မရှိသေးဘဲ စာချုပ်ဖြင့်သာ ခွင့်ပြုပေးနေခြင်း ဖြစ်သည်။
ယင်းအပြင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် နိုင်ငံတကာမှ ကုမ္ပဏီများအား ဓာတ်အားပေး စက်ရုံများ မြှုပ်နှံခွင့် ပြုထားရာတွင် တစ်ယူနစ် ဓာတ်အားခနှုန်းမှာ ကျပ် ၁၃၀ ကျော် အထိပင် ကျသင့်မှုများ ရှိသည်ဟုလည်း သိရသည်။
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းအား ပုဂ္ဂလိကလက်သို့ လွှဲပြောင်းလိုက်သည့် အတွက် ယခင်ကထက် လျှပ်စစ်ဓာတ်အား ပိုမိုရရှိ လာနိုင်သော်လည်း မီတာခမှာ မဖြစ်မနေ မြင့်တက်လာနိုင်သည်ဟု သိရသည်။
UMFCCI တွင် ဇူလိုင် ၃၁ ရက်က ကျင်းပသည့် လျှပ်စစ်ဆိုင်ရာ ဆွေးနွေးပွဲတွင်လည်း စက်မှုလုပ်ငန်းများ အနေဖြင့် ပုဂ္ဂလိက ဓာတ်အားပေးမှုများ ပြုလုပ်လာပါက လျှပ်စစ်မီး ပိုမိုရရှိလာမည် ဖြစ်ကြောင်း၊ သို့သော် ဓာတ်အားခမှာ ယခုနှုန်းဖြင့် ရမည်မဟုတ်ကြောင်း ကိုလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ထည့်သွင်း ပြောကြားသွားသည်။
ဝန်ကြီးဌာန အသီးသီးမှ နိုင်ငံပိုင် လုပ်ငန်းများအား ပုဂ္ဂလိကသို့ လွှဲပြောင်းသည့် နည်းလမ်းဖြင့် လုပ်ကိုင်ရာတွင် လမ်းတံတားကြေး၊ စက်သုံးဆီလုပ်ငန်း၊ စက်ရုံအလုပ်ရုံ၊ သယ်ယူပို့ဆောင်ရေး၊ ယခုအခါ လျှပ်စစ်ဓာတ်အား စသည်ဖြင့် အများပြည်သူနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို လွှဲပြောင်းရာ၌ အရင်းအနှီး တောင့်တင်းနေသည့် ကုမ္ပဏီကြီးများသာ အများစု ရယူထားနိုင်သည်။
EMG
ယခုနှစ်အတွင်း ရန်ကုန်မြို့တွင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ - မျိုးမင်းထက်)

ကိုရီးယား သမ္မတ နိုင်ငံက မြန်မာ နိုင်ငံတွင် စံပြကျေးရွာများ ဖော်ဆောင်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ကူညီ ပေးလျက်ရှိ
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကိုရီးယား သမ္မတ နိုင်ငံ လုံခြုံရေးနှင့်
ပြည်သူ့ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဝန်ကြီးံH.E.Mr. YOO Jeong Bok
ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ
နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတက
မြန်မာနိုင်ငံ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးအတွက်
အင်တိုက် အားတိုက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကိုရီးယား သမ္မတ နိုင်ငံက
မြန်မာ နိုင်ငံတွင် စံပြကျေးရွာများ ဖော်ဆောင်၍ ကျေးလက် ဒေသ
ဖွံ့ဖြိုးရေးကို ကူညီပေး လျက် ရှိသဖြင့် များစွာ ကျေးဇူးတင် ရှိပါကြောင်း၊
မြန်မာ-ကိုရီးယား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မတီ ဖွဲ့စည်းပြီး
မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးရေး အတွက် ကဏ္ဍ များစွာတွင် ပူးပေါင်း
ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆွေတော်၏ ယခု ခရီးစဉ်သည် ကျေးလက်ဒေသ
ဖွံ့ဖြိုးရေး အတွက် များစွာ အထောက်အကူ ပြုမည်ဟု ယုံကြည် ပါကြောင်းဖြင့်
ပြောကြားသည်။
ကိုရီးယားသမ္မတ နိုင်ငံဝန်ကြီးက
ယခုအချိန်တွင် နှစ်နိုင်ငံ ဆက်ဆံမှု ပိုမို ကောင်းမွန်လာပြီး အထူးသဖြင့်
စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို အားကောင်း လာပါကြောင်း၊
မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လယ်ယာကဏ္ဍ ဖွံ့ဖြိုး
တိုးတက်ရန် အလွန် အရေးကြီး ပါကြောင်း၊ ယင်းသို့ ဖွံ့ဖြိုးမှသာ
နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါ ကြောင်း၊ မိမိတို့
နိုင်ငံကဖော်ဆောင် အောင်မြင်ခဲ့သော ကျေးရွာသစ် လှုပ်ရှားမှု
အတွေ့အကြုံများကို မြန်မာ ပြည်သူများသို့ လက်ဆင့်ကမ်း ပေးလျက်ရှိရာ
မနက်ဖြန်တွင် ကျေးရွာသစ် လှုပ်ရှားမှု စင်တာ ဖွင့်လှစ် သွားမည် ဖြစ် ပါ
ကြောင်းဖြင့် ပြောကြားသည်။
ထို့ပြင် ကိုရီးယားနိုင်ငံမှ ဆမ်ဆောင်း
ကုမ္ပဏီက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ညှိနှိုင်း
ဆောင်ရွက်နေမှု၊ ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး
အေဂျင်စီနှင့် ဆက်သွယ်၍ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်မှု
ကောင်းမွန်ရေး တို့အတွက် ပူးပေါင်း ဆောင် ရွက်နေမှု၊ ကိုရီးယား နိုင်ငံ
ဒုတိယ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် အမေရိကန် ဒေါ်လာသန်း ၅ဝဝ
ချေးငှားရန် သဘောတူညီခဲ့မှု၊ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး
အတွက် လုပ်ငန်းစဉ် (၈)ရပ် ချမှတ်၍ ဝန်ကြီးဌာန ပေါင်းစုံ ပူးပေါင်း
ဆောင်ရွက်နေမှု တို့နှင့် စပ်လျဉ်း ၍လည်း ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတ
နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဦးကျော်ဆန်း၊
ဒေါက်တာ ဒေါ်မြတ်မြတ် အုန်းခင်၊ ဒုတိယ ဝန်ကြီး ဦးသန့်ကျော်နှင့်
တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ကိုရီးယား နိုင်ငံဝန်ကြီး
ဦးဆောင်သော အဖွဲ့ နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ
သံအမတ် ကြီး တက်ရောက်သည်။
မြန်မာနှင့် အမေရိကန် ကာကွယ်ရေး ၀န်ကြီးများ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံ
Friday, August 30, 2013
အာဆီယံ ကာကွယ်ရေး ၀န်ကြီးများ ဆွေးနွေးပွဲသို့ တက်ရောက်ရန်
ဘရူနိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဒုတိယ
ဗိုလ်ချုပ်ကြီး ဝေလွင်နှင့် အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် အကြီးအကဲ
ကာကွယ်ရေးဝန်ကြီး Chuck Hagel တို့နှစ်ဦးသည် သီးသန့်တွေ့ဆုံ
ဆွေးနွေးခဲ့ကြကြောင်း AFP သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ပင်တဂွန် အကြီးအကဲ ကာကွယ်ရေးဝန်ကြီး Hagel သည် အာရှပစိဖိတ်တွင် အမေရိကန်၏
အာရုံစိုက်မှုကို ပြသရန်အတွက် ဘရူနိုင်းနိုင်ငံတွင် တရုတ်အပါအ၀င် အာဆီယံ
နိုင်ငံများမှ ကာကွယ်ရေး ၀န်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း
ဖြစ်သည်။ သြဂုတ် ၂၈ ရက်တွင် ပင်တဂွန် အကြီးအကဲသည် ဂျပန်ကာကွယ်ရေး
ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်ကာကွယ်ရေးဝန်ကြီး၊
မြန်မာကာကွယ်ရေး ၀န်ကြီးတို့နှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ခြင်း
ဖြစ်သည်။
ကာကွယ်ရေး ၀န်ကြီးများ အစည်းအဝေးပွဲတွင် တရုတ်နှင့်
ပြဿနာ ဖြစ်ပွားနေသော အာဆီယံ နိုင်ငံများက တရုတ်အရေးနှင့် ပတ်သက်၍
စိုးရိမ်ကြောင့်ကြမှုကို ဖော်ထုတ်ခဲ့ကြပြီး တရုတ်နိုင်ငံအား ပြစ်တင်
ပြောကြားသည်။ ပင်တဂွန်ကလည်း အရှေ့တောင်အာရှ နိုင်ငံများအား သင်္ဘောများ၊
ရေဒါများနှင့် အခြားလုံခြုံရေး အထောက်အပံ့များ ထောက်ပံ့ရန်အတွက်
ကမ်းလှမ်းခဲ့ပြီး တောင်တရုတ် ပင်လယ်တွင် တရုတ်နိုင်ငံ၏ စစ်အင်အား
တည်ဆောက်မှုကို ချိန်ခွင်လျှာညှိရန် ကြိုးပမ်းခဲ့သည်။ သို့သော် ပင်တဂွန်
အကြီးအကဲက ဘီဘီစီ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားရာတွင် အမေရိကန်သည်
တရုတ်အပါအ၀င် မည်သူ့ကိုမှ ဦးတည်ရန်လိုနေခြင်း မဟုတ်ကြောင်း ပြောကြားသည်။
ယခုအကြိမ် ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် ကာကွယ်ရေး ၀န်ကြီးများ
တွေ့ဆုံဆွေးနွေးပွဲသို့ အာဆီယံ နိုင်ငံများမှ ကာကွယ်ရေး ၀န်ကြီးများအပြင်
ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ အမေရိကန်၊ ရုရှား၊ အိန္ဒိယ၊ သြစတြေးလျ၊
နယူးဇီလန်တို့မှ ကာကွယ်ရေး ၀န်ကြီးများလည်း တက်ရောက်ခဲ့ကြသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး Hagel သည် သြဂုတ် ၂၉ ရက်တွင်
ဖိလစ်ပိုင်နိုင်ငံသို့ မထွက်ခွာမီ မြန်မာကာကွယ်ရေးဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်နှင့် သီးခြားတွေ့ဆုံခဲ့သည်။ မြန်မာနှင့်
အမေရိကန်နိုင်ငံ ကာကွယ်ရေး ၀န်ကြီးတို့၏ ယခုတွေ့ဆုံမှုသည်
နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ပြီး တွေ့ဆုံရာတွင်
မည်သည့် အချက်များကို ဆွေးနွေးခဲ့သည် ဆိုသည့်အချက်ကိုမူ ထုတ်ပြန်ခဲ့ခြင်း
မရှိသေးပေ။
မြန်မာနှင့် အမေရိကန်တို့သည် ၁၉၄၇ ခုနှစ်တွင် သံတမန်
အဆက်အသွယ် စတင် ပြုလုပ်ခဲ့ပြီး ၁၉၆၂ ခုနှစ်အထိ အမေရိကန်၌ မြန်မာစစ်တပ်
အရာရှိ ၁၀၀၀ ခန့် စစ်သင်တန်း တက်ရောက်ခဲ့သည်။
၁၉၉၀ ပြည့်နှစ်တွင်
အနိုင်ရ NLD ပါတီကို အာဏာလွှဲပြောင်းပေးရန် စစ်တပ်က ငြင်းဆန်ခဲ့ပြီးနောက်
သံတမန် ဆက်ဆံရေးကို အမေရိကန်ဘက်က အဆင့်နှိမ့်ခဲ့ပြီး စစ်ရေး၊ စီးပွားရေး
အကူအညီများလည်း ရပ်ဆိုင်းခဲ့သည်။
၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန
်အစိုးရတက်လာပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ
ဖြစ်ပေါ်ခဲ့ပြီးနောက် အမေရိကန် နိုင်ငံသည် မြန်မာနိုင်ငံကို စီးပွားရေး
ပိတ်ဆို့မှုများ လျှော့ချပေးခဲ့ရာ စစ်ရေးပူးပေါင်း ဆောင်ရွက်မှု
အလားအလာများလည်း မြင့်တက်လာခဲ့သည်။
မကြာသေးမီ အချိန်ကလည်း
အမေရိကန် လွှတ်တော်အမတ် မက်ကောနယ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေးတွင် အထောက်အကူ ပြုနိုင်ရန်အတွက် မြန်မာစစ်တပ်နှင့်
အမေရိကန် စစ်တပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အမေရိကန်
ကွန်ဂရက် လွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့သည်။
Eleven Media Group
ယာဉ်ထိန်းရဲ တပ်ဖွဲ့တွင် ရဲမေအင်အား ၆၀၀ ကျော် တိုးချဲ့ခန့်အပ်မည်
ယာဉ်ထိန်းရဲ တပ်ဖွဲ့တွင် ရဲမေအင်အား ၆၀၀ ကျော် တိုးချဲ့ခန့်အပ်မည်
Friday, August 30, 2013
မြန်မာနိုင်ငံအတွင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ရန် ရဲမေအင်အား
၆၀၀ ကျော်အထိ တိုးချဲ့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး
ကျော်ထွေးက ပြောကြားသည်။
''ပြည်နယ်နဲ့တိုင်း အသီးသီးမှာ တာဝန် ထမ်းဆောင်နေတဲ့ ရဲမေတွေကို
ယာဉ်ထိန်းရဲ တပ်ဖွဲ့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့
သူတွေကို ရွေးချယ်ပြီးတော့ စက်တင်ဘာလမှာ သင်တန်းပေးပြီး ခန့်အပ်သွားမယ်။
ဒါ့အပြင် နောက်လမှာ ရဲဗဟို လေ့ကျင့်ရေး ကျောင်းကနေ သင်တန်းဆင်းမယ့်
ဒုရဲအုပ် ရဲမေတွေထဲက ပြည်သူတွေကို အမှန်တကယ် ၀န်ဆောင်မှုပေးဖို့ စိတ်ဓာတ်
အမှန်တကယ်ရှိတဲ့ ရဲမေအယောက် လေးဆယ်ကိုလည်း ခန့်သွားဖို့ စီစဉ်နေပါ တယ်'' ဟု
ရဲမှူးကြီး ကျော်ထွေးက ဆိုသည်။
စက်တင်ဘာလ အတွင်း
သင်တန်းပေးသွားမည့် ရဲမေများမှာ အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူ၊
အရပ်ငါးပေ လေးလက်မ အနည်းဆုံးရှိသူ၊ အိမ်ထောင်မရှိသူ၊ မျက်မှန်တပ်ဆင်
မထားသူ၊ ရုပ်ရည်အသင့် အတင့်ရှိသူ စသည်တို့နှင့် ကိုက်ညီရမည် ဖြစ်ကြောင်း
သိရသည်။
ရုပ်ရည်ချောမော ပြေပြစ်သည့် ရဲမေများကို ဦးစားပေး
ခန့်သွားမည်နှင့် ပတ်သက်၍ ရဲမှူးကြီးကျော်ထွေးက ''အဓိကကတော့ နေ့စဉ်
အခက်အခဲတွေ ကြုံတွေ့နေရတဲ့ လမ်း အသုံးပြုသူတွေဖြစ်တဲ့ ယာဉ်မောင်းတွေ
လမ်းလျှောက်သူတွေ စိတ်ကြည်လင်ဖို့ ဖြစ်ပါတယ်'' ဟု ဆက်လက် ပြောကြားသည်။
ဖွဲ့စည်းပုံ အသစ်အရ ရဲမေအင်အား ၆၀၀ ကျော် ရှိရမည်ဟု သတ်မှတ်ထားသော်လည်း လက်ရှိအင်အားမှာ ၁၆ ရာခိုင်နှုန်းသာ ရှိသည်။
Eleven Media Group
ဆူးလေမီးပွိုင့်ရှိ လူကူးမျဉ်းကြားတွင် တာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
Subscribe to:
Posts (Atom)