Thursday, August 29, 2013
ရန်ကုန်မြို့၏ ဒုတိယ စီးပွားရေးမြို့တော် မင်းဓမ္မ စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ဒီဇိုင်းနှင့် အခြားအကူအညီယူရန် သဘောတူထားခြင်း မရှိဘဲ မိမိတို့ အစီအစဉ်ဖြင့်သာ ပြုလုပ်မည်
ရန်ကုန်မြို့၏ ဒုတိယစီးပွားရေးမြို့တော် စီမံကိန်းဖြစ်သည့် မင်းဓမ္မစီမံကိန်းတွင် ပါဝင်သည့် မြေနေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
ရန်ကုန်မြို့၏ ဒုတိယ စီးပွားရေးမြို့တော် စီမံကိန်းဖြစ်သည့် မင်းဓမ္မ စီမံကိန်းအတွက် ဂျပန်နိုင်ငံထံမှ ဒီဇိုင်းနှင့် အခြားအကူအညီများ ရယူရန် မူလကတည်းက သဘောတူညီမှု မရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်း ရေးဆွဲရေးဌာနမှ ဌာနမှူး ဦးတိုးအောင်က သြဂုတ် ၂၇ ရက်တွင် ဆိုသည်။
"မင်းဓမ္မ စီမံကိန်းအတွက်ကို ဂျပန်က ဒီဇိုင်းဆွဲတာနဲ့ အခြားအကူအညီတွေ ပေးအပ်တာကို ရပ်ဆိုင်းလိုက်တာ မဟုတ်ပါဘူး။ အရင်ကတည်းက ဂျပန်က ကူညီပေးထားတာ မရှိပါဘူး။ ဂျပန်က စီမံကိန်းတွက်ကို မူလက သူတို့လုပ်ငန်းရှင်တွေနဲ့ပဲ သူတို့လုပ်ဖို့ ပြောခဲ့သေးတယ်။ ကျွန်တော်တို့ဘက်ကတော့ ဂျပန်က ကူသည်ဖြစ်စေ၊ မကူသည်ဖြစ်စေ ကျွန်တော်တို့ လုပ်ငန်းရှင်တွေနဲ့ပဲ လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း တင်ဒါခေါ်ပြီး လုပ်သွားမှာပါ" ဟု ဦးတိုးအောင်က ပြောကြားသည်။
ရန်ကုန်မြို့တော်တွင် လက်ရှိမြို့လယ် စီးပွားရေး ဗဟိုဌာနဖြစ်သည့် ဆူးလေအနီးတစ်ဝိုက်မှာ ယာဉ်သွားလာမှု၊ လူနေထိုင်မှုများ သိပ်သည်းကျပ်တည်း လာခြင်းကြောင့် တိုးပွားလာမည့် လူဦးရေအတွက် ဒုတိယမြို့လယ် စီးပွားရေး ဗဟိုဌာန မြို့တော်ခွဲထုတ်ရန် မဖြစ်မနေ လိုအပ်လာသည့် အခြေအနေ ဖြစ်လာသည့်အတွက် မြောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မစီမံကိန်းကို အကောင်အထည် ဖော်သွားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ဒုတိယ စီးပွားရေးမြို့တော် မင်းဓမ္မ စီမံကိန်းအတွက် အမြန်စတင်နိုင်ရန် စီစဉ်ခဲ့သော်လည်း တစ်ဖက်တွင် ရွှေ့ပြောင်းရန် ညွှန်ကြားထားသည့် မင်းဓမ္မပန်းကွင်းမှ ဈေးသည်များနှင့် ပြေလည်မှု မရရှိသေးခြင်းနှင့် စီမံကိန်းလုပ်မည့် မြေနေရာမှာ စည်ပင်ပိုင်မြေ တစ်ခုတည်း မဟုတ်ဘဲ အခြားဝန်ကြီးဌာနအချို့ပိုင် မြေများလည်း ပါဝင်နေခြင်းကြောင့် ပြန်လည်ညှိနှိုင်းနေရာ ယင်းအတွက် စီမံကိန်း တင်ဒါခေါ်ရန် မစနိုင်သေးခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ပြေလည်မှု မရရှိသေးသည့် ညှိနှိုင်းမှုများကြောင့်လည်း ဂျပန်မှ ကူညီမှုများကို ဆက်ပေးရန် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။
"မင်းဓမ္မ စီမံကိန်းမြေနေရာမှာ လယ်ဆည်ဝန်ကြီးဌာနမြေ၊ ကာကွယ်ရေးဝန်ကြီးဌာနမြေတွေ ပါဝင်နေတဲ့အတွက် ညှိနှိုင်းနေတုန်းမို့လို့ဖြစ်လို့ တင်ဒါမခေါ်နိုင် သေးတာပါ။ အခြားကိစ္စတွေကြောင့် မရှိပါဘူး" ဟု ဦးတိုးအောင်က ပြောကြားသည်။
ဒုတိယ စီးပွားရေးမြို့တော် စီမံကိန်းကို မြေအကျယ်အ၀န်း ဧက ၄၀၀ ကျော်ပေါ်တွင် တည်ဆောက်သွားရန် စီစဉ်ထားပြီး ယင်းအတွက် လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။
ဟိုတယ်၊ ရှော့ပင်းမောလ်များ၊ အဆင့်မြင့် လူနေအဆောက်အအုံများ ပါဝင်မည်ဖြစ်ကြောင်း၊ အဆိုပါနေရာတွင် ၀င်ထွက်သည့် လမ်းများအား ကောင်းမွန်အောင် ပြုလုပ်ပေးမည့်အပြင် သီးသန့်ကားလမ်းကြောင်း ပြေးဆွဲစေရန် လျာထားသည်။
မင်းဓမ္မပန်းကွင်းမှ ပန်းဆိုင်ပိုင်ရှင်များနှင့် ပြေလည်မှု မရှိခြင်းမှာလည်း သြဂုတ် ၂ ရက်တွင် စည်ပင်မှ ၀န်ထမ်းအင်အား ၆၀၀ ခန့်ဖြင့် ပန်းကွင်းပတ်လည် ခြံစည်းရိုးခတ်ရာမှ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဖြစ်သည်။
EMG
ယာဉ်ကြောပိတ်ဆို့လို့ ရထားစီးသူများလာ
ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုများ ဆိုးရွားလာသည့် အတွက် မြို့ပတ်ရထားစီးနင်းမှု ပိုမိုများပြားလာကြောင်း သိရ သည်။
မြို့ပတ်ရထားစီးနင်းရာတွင် လမ်းပိတ်ဆို့မှုမရှိသည့်အတွက် အချိန်ကုန်သက်သာခြင်း၊ ခရီး စရိတ်သက်သာခြင်းတို့ကြောင့် မြို့ပတ်ရထားကို ပြောင်းလဲစီးနင်း လာခြင်းဖြစ်ကြောင်း သိရသည်။
''အရင်တုန်းကတော့ ကားပဲ စီးတယ်။ ခုနောက်ပိုင်း ယာဉ် ကြောပိတ်ဆို့မှုက အရမ်းဆိုးရွား လာလို့ ရထားပြောင်းစီးဖြစ်တာ တစ်လလောက်ရှိသွားပြီ။ ရထား က လမ်းပိတ်တာမရှိဘူး။ စရိတ် လဲ သက်သာတယ်။ ဒါပေမဲ့ ရထား ပြေးဆွဲချိန်တွေကို တိုးမြှင့်ဆွဲပေး ရင် ပိုအဆင်ပြေမယ်''ဟု သင်္ဃန်း ကျွန်းမြို့နယ်တွင်နေထိုင်သူ ဒေါ် ဇင်မာညွန့်က ပြောသည်။
''မြောက်ဒဂုံကနေ မြို့ထဲကို နှစ်နာရီလောက် ကားစီးရတယ်။ ရထားက ၄၅မိနစ်ပဲကြာတယ်။ လမ်းပိတ်တာလဲ မရှိဘူး။ ကားနဲ့ ဆိုရင် လမ်းပိတ်တာနဲ့တင် အချိန် တော်တော်များများက လမ်းပေါ် မှာ ကုန်သွားတယ်။ ရထားက သတ်မှတ်ဆိုက်ရောက်ချိန်အတိုင်း တိတိကျကျရောက်ရင် ပိုပြီးအ ဆင်ပြေတယ်။ အချိန်တွက်ပြီးအလုပ်လုပ်လို့ရတယ်''ဟု မြောက် ဒဂုံမှ မြို့ထဲသို့ သင်တန်းလာတက် သူ ဦးမျိုးသန့်ဇင်က ပြောသည်။
မြို့ပတ်ရထားများ ပြေးဆွဲ ရာတွင် ဆိုက်ရောက်ချိန် ပိုမိုတိကျ ပါက အချိန်နှင့်တစ်ပြေးညီ လုပ် ကိုင်နိုင်သည့်အတွက် ပိုမိုအဆင် ပြေစေနိုင်မည်ဖြစ်ကြောင်း ခရီးသွား ပြည်သူများက ပြောသည်။
Yangon Media Group

ဆီးရီးယားမှ တိုက်ခိုက်လာပါက ပြင်းပြင်းထန်ထန်တုန့် ပြန်မည်
အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုက ၄င်းတို့အား ဆီးရီးယား ကတိုက်ခိုက် လာပါက ပြင်းထန်စွာ တုန့်ပြန် သွား မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ထားသည်။ ဆီးရီးယား အစိုးရကို စစ်ရေးအရ အရေး ယူ ဆောင်ရွက်မှု များပြုလုပ်ရန် အမေ ရိကန်ပြည်ထောင်စုက စဉ်းစားနေချိန်တွင် အစ္စရေးဝန်ကြီးချုပ်က အင်္ဂါနေ့တွင် ထို ကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဆီးရီးယား အရေးကို တိုင်ပင် ဆွေးနွေးအပြီးတွင် အစ္စရေး ၀န်ကြီးချုပ်က အစ္စရေးနိုင်ငံဟာ ဖြစ်နိုင်ခြေ ရှိတာတွေ အားလုံးအတွက် ပြင်ဆင်ထားပါ တယ်။ ကျွန်တော်တို့ ဟာဆီးရီးယား ပြည်တွင်း စစ်မှာ ပါဝင်ပတ်သတ် ထားခြင်းမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို ထိခိုက်မှု တွေရှိလာ ရင်တော့ ပြင်းပြင်း ထန်ထန် တုန့်ပြန်သွားမှာ ဖြစ်ပါတယ် ဟု ဆိုထားသည်။
ဆီးရီးယား အစိုးရက ၄င်းတို့အား အမေရိကန်နှင့် မဟာ မိတ်နိုင်ငံများက လာရောက်တိုက်ခိုက်ပါ က ပြန်လည်တုန့်ပြန်သွားရန် ဆုံးဖြတ်ထားချိန် တွင် အစ္စရေးဝန်ကြီးချုပ်၏ ပြောစကားထွက်ပေါ် လာခြင်းဖြစ်သည်။ အမေရိကန်နှင့် အနောက် နိုင်ငံများက ဆီးရီးယား အစိုးရသည် ဆီးရီးယားနိုင်ငံ သားများကို ဓါတု လက်နက်များဖြင့် ပြီးခဲ့ သော သတင်းပတ်တွင် တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲထားကြသည်။ ဆီးရီးယား နိုင်ငံခြား ရေးဝန်ကြီး ၀ါလစ်မူလန်က ၄င်းတို့၏စွမ်း ဆောင်နိုင်မှုသည် နိုင်ငံတကာကို အံ့အား သင့်စေမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့အပြင် ၄င်းက မည်သည့်စစ်ရေး အရအရေး ယူ ဆောင် ရွက်မှု မဆိုသည် အစ္စရေးနှင့် အယ်လ်ခိုင်ဒါ တို့၏ အကျိုးစီးပွား များကိုဖြစ်ပေါ်စေမည်ဟုလည်း သတိပေး ထားသေးသည်။ ၀ါရှင်တန်အစိုးရကမူ ဆီးရီးယား အစိုးရသည် ဓါတုလက်နက်ဖြင့် တိုက် ခိုက်ခဲ့ခြင်းများကို ဖုံးကွယ်ရန် ကြိုးစားနေပြီး ဓါတုလက်နက်ဖြင့် တိုက်ခိုက်ခြင်း၏နောက်ကွယ်တွင် ပါဝင်သူများနှင့် ပတ်သတ်
သည့်သက်သေ အထောက် အထားများကို ပိုမိုဖော် ထုတ်ပေးမည် ဟု ပြောကြားထားသည်။
အမေရိကန် ကာကွယ်ရေး ၀န်ကြီးချက် ဟေဂယ်ကလည်း အမေရိကန်သမ္မတ အိုဘားမားက အမိန့်ပေးပါ စစ်ရေးအရ ဆောင်ရွက်ရန် ပြင်ဆင်ထား သည်ဟုလည်း ဆိုထားသည်။ တစ်ချိန်တည်းတွင် အစ္စရေး တွင် ဓါတ်ငွေ့ကာ မျက်နှာဖုံးများ ပြန်လည် ခေတ်စား လာနေပြီး ပြီးခဲ့သောရက်ပိုင်း အတွင်းတို့တွင် အစ္စရေး တွင် ဓါတ်ငွေ့ကာ မျက်နှာဖုံး ရောင်းအား ၃၀၀ ရာခိုင်နှုန်းမြင့် တက်ခဲ့ကြောင်းသိရသည်။
messenger news
မြန်မာနိုင်ငံအပေါ်အပြစ်မြင်နေသော ကင်တားနား
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ
လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်မစ္စ တာကင်တားနားတစ်ယောက်
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စတွေ မှန် မှန်ကန်ကန်ဆောင်ရွက်ရန်
အပြုသဘောဆောင်ပြောကြားဖို့ မြန်မာ နိုင်ငံ
ကို ရောက်ရှိလာပါတယ်။ သို့သော် ကင်တာနားကိုရောက်တဲ့နေရာတိုင်းမှာ
ဆန္ဒပြနေကြပါတယ်။ ကုလသမဂ္ဂ ရဲ့ကိုယ်စားလှယ်လို့ နာမည်တပ်ထားပေ မယ့်
ကင်တာနားဟာ မွတ်ဆလင်တွေရဲ့ကိုယ်စားလှယ်သာ ဖြစ်တယ် လို့ ဒေသခံတွေက
ထင်နေတဲ့အတွက် ဆန္ဒပြခဲ့ကြတာပါ။
မိတ္ထီလာ ရောက်တော့လဲ ဒေသခံတွေအနေနဲ့ သူတို့ရဲ့ ခံစားချက်တွေ ကိုပြောချင်လွန်းလို့၊ ပြောခွင့်မရခဲ့ရင်လဲ အိတ်ဖွင့်ပေးစာပေးဖို့ သူ့ကားအ နားကို ကပ်ခဲ့ကြတာပါ။ ဟုတ် မဟုတ်၊ မှန်မမှန် မိတ္ထီလာမှာရှိတဲ့ တိုင်းရင်း သားတွေကို သွားမေးကြည့်နိုင်ပါတယ်။ ကင်တားနားပြောသလို သူ့ အတွက် လုံခြုံရေးတွေလုပ်မပေးဘူး ဆိုတာကလဲ မမှန်တဲ့စကားရပ်ပါ။ ကင်တာနားအ တွက် အစိုးရက လုံခြုံရေးတွေ အပြည့်အစုံပေးထားတာမို့ အီဂျစ်တို့၊ အီရတ် တို့ နိုင်ငံတွေမှာလို အသေခံဗုံးခွဲမှာ မစိုးရိမ်ရပါဘူး။ ပဋိပက္ခ တစ်ခုခု ဖြစ်လာ ရင် မွတ်ဆလင်တွေသာ နစ်နာတာမဟုတ်ပါဘူး။ ကျန်တဲ့ဘာသာကို ကိုးကွယ်သူတွေလည်း နစ်နာဆုံးရှုံး တာပါပဲ။
ဒီမိုကရေစီလမ်းကြောင်းနဲ့သွားနေတဲ့နိုင်ငံအတွက်ရှေ့ဆက်လှမ်းရမယ့် ခြေလှမ်းတွေ တန့်တန့်နေပါတယ်။မြန်မာနိုင်ငံအတွင်းမှာ ဖြစ် ပျက်နေတာတွေ၊ ဆက်စပ်တွေတာ၊ တိုက်ဆိုင်မှုတွေဟာ ပြဿနာမဖြစ်ဖြစ်အောင် ဖန်တီးနေ သူတွေရှိနေတယ်လို့ထင်ပါတယ်။ ဘာကြောင့်ဒီလိုပြောရသလဲဆိုရင်…ကင် တားနားမြန်မာနိုင်ငံကိုမလာခင် ကလေးမှာ အမျိုးသမီးတစ်ဦးအလောင်းနဲ့
ပတ်သက်လို့ မွတ်ဆလင်တွေကရဲတပ်ဖွဲ့ဝင်တွေကိုပြဿနာရှာတဲ့ဖြစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။ ပြည်နယ်အစိုးရလူကြီးတွေက ဖြေရှင်းလိုက်လို့ ငြိမ်းအေးသွားခဲ့ပါတယ်။
ကင်တားနားမြန်မာ နိုင်ငံကနေပြန်သွားပြီးတဲ့နောက်မှာ ကန့်ဘလူမှာပြဿ နာဖြစ်ပါတယ်။ဒါလဲ မွတ်ဆလင်ဘာသာဝင်တစ်ဦးကစလို့ ဖြစ် ရတာပါပဲ။
ကင်တာနားက သူ့အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ဘက်လိုက်ခြင်းမရှိပါဘူး။ သူဟာတောင်အမေရိကတိုက်က အာဂျင်တီးနားနိုင်ငံသားပါ။ အာ ဂျင်တီးနားမှာ မူဆလင်အသိုင်းအ၀ိုင်းလည်းမရှိသလိုဗုဒ္ဓဘာသာ အသိုင်း အ၀ိုင်းလည်း မရှိပါဘူးလို့ပြောပါတယ်။ ဒါကြောင့်မို့ သူ့အနေနဲ့ ဒီပြဿ နာတွေမှာ တဘက်ဘက်ကို ဘက်လိုက် ဆောင်ရွက်စရာ အကြောင်း လုံးဝမရှိပါဘူးလို့ ပြောခဲ့ပါတယ်။ ပြောတဲ့အတိုင်းသာ သူတကယ် လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ ၀မ်းမြောက်ဝမ်းသာကြို ဆိုပါတယ်။
ဒါပေမယ့် ကင်တားနားဟာ မွတ်ဆလင်ဘာသာနဲ့သက်ဆိုင်ခြင်းမရှိလို့ ဘက်လိုက်ခြင်းမရှိဘူးဆိုပေမယ့် သူရဲ့ လုပ်ရပ်တွေဟာ ဘက်တစ်ဘက် တည်းကိုသာကြည့်ပြီး အစီရင်ခံစာရေးတင်တဲ့အတွက် ဒေသခံတွေက ဘက်လိုက် တယ်လို့ ယူဆခဲ့ပါတယ်။ မွတ်ဆလင်တိုင်းပြည်တွေမှာအလုပ် လုပ်ဖူးပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကုလသမဂ္ဂ ကိုယ်စားလှယ် အဖြစ်နှစ်ပေါင်းများစွာကြာကြာလုပ်ကိုင်ခဲ့သူဖြစ်တဲ့ဒေါက်တာ ဒေါ်ရင်ရင်နွယ်ကိုယ်တိုင်က ကင်တာနား ဘက်လိုက်ခဲ့တယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။
ထားပါတော့ ဘက်မလိုက်ဘူးပဲ ထားပါတော့ ..ဒါပေမယ့် အမှန် အတိုင်း ပြောသင့်တဲ့စကားတွေတော့ ကင်တားနားမပြောခဲ့ပါဘူး။
မြန်မာနိုင်ငံမှာနေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ခံစားချက်ကိုတော့ ကင်တားနား ပြည့်ပြည့်စုံစုံမသိပါဘူး။မသိ လို့လည်း သူ့အနေနဲ့ မွတ်ဆလင်တွေအပေါ်သနားစိတ်ဝင်နေတာဖြစ်ပါတယ်။ ရှည်ရှည်ဝေးဝေးမပြောချင်ပါဘူး။ သူတို့ အစ္စလာမ်ကိုးကွယ်တဲ့ တိုင်းပြည်တွေနဲ့ နှိုင်းယှဉ်ကြည့်မှ မြန်မာနိုင်ငံဖြစ်ပျက်နေတဲ့ကိစ္စတွေ
ရှင်းရှင်းလင်းလင်းမြင်ပါ လိမ့်မယ်။
ပြီးတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ပဋိပက္ခတွေဟာ မွတ်ဆလင်ဘာ သာဝင်တွေက စတင်လို့ဖြစ်ရတာကို လဲ မစ္စတာကင်တာနား ခွဲခွဲခြားခြား သိစေချင်ပါတယ်။ အဲလိုမှသိပြီး သိတဲ့အတိုင်းသတင်းထုတ်ပြန်ပေးပါ။ ဒါဟာ တကယ့်ဖြစ်ရပ်မှန်တွေပါပဲ။မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေ အပေါ် တစ်ခြားဘာသာဝင်တွေက အကြောင်းမဲ့ အနိုင်ကျင့်တာလုံးဝ (လုံးဝ) မရှိပါဘူး။ မွတ်ဆလင်တွေက ရန်စလို့ဖြစ်ခဲ့ရတာချည်းပါပဲ ဆိုတာငြင်းလို့မ ရတဲ့ဖြစ်ရပ်မှာ။ နောက်ပိုင်းကျမှသာ မြန်မာတွေက မခံမရပ်နိုင်ဖြစ်လွန်းလို့ လူအုပ်စုဖွဲ့ ဖျက်ဆီးမှုတွေဖြစ်လာတာပါ။ ဒါကိုလည်း အစိုးရက ဥပဒေအတိုင်း လုပ်ဆောင်နေပါတယ်။ ဘယ်ဘာသာဝင်ကိုမဆို သူကျူးလွန်တဲ့ ပြစ်မှုအတိုင်းအတာအရ အရေးယူအပြစ်ပေးနေပါ တယ်။
ဒါလဲအမှန်တရားပါပဲ။ ဒါတွေကို ကင်တားနား တကယ်သိတယ်ဆိုရင် မြန်မာလူထုက ကင်တားနားကို ကြိုဆို နေမှာပါ။
အမေ့အိမ်

တရားအားမထုတ်သင့်သောအခါ(၅)မျိုး
၁။အိုးမင်းရင့်ရော်သောအခါ၊အိုးမင်စွမ်းသောအခါမျိုးမှာ
တရားအားမထုတ်သင့်ပါ။
၂။အနာရောဂါ မခံမရပ်နိုင်အောင် ပြင်းထန်စွာ နှိပ်စက်ခြင်းခံနေရသော အခါမျိုးမှာ တရားအားမထုတ်သင့်ပါ။
၃။အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း ရှားပါးခြင်းအခါမျိုးမှာ တရားအားမထုတ်သင့်ပါ။
၎။တိုင်းပြည်အတွင်း သူခိုးဓားပြများ ဆူပူသောင်းကျန်းနေသောအခါမျိုးမှာ တရားအားမထုတ်သင့်ပါ။
၅။သံဃာတော်များ တစ်ပါးနှင့်တစ်ပါးမတည့် အချင်းချင်း ကွဲပြားကြသောအခါမျိုးမှာ ကမ္မဋ္ဌာန်းတရားအားမထုတ်သင့်သော
အချိန်အခါမျိုးဖြစ်နေလို့ မြတ်စွာဘုရား
ဟောကြားတော်မူခဲ့ပါတယ်။
ဒါ့ကြောင့်သူတော်ကောင်းများကို သတိပေးလိုက်ပါရစေ…။
မအိုခင်၊
အနာရောဂါမရခင်၊
အစာရေစာမငတ်မွတ်ခင်၊
တိုင်းပြည်အတွင်း သူခိုးဓာပြများမဆူပူခင်၊ ရဟန်းသံဃာများမကွဲပြားသေးခင်
ကြိုတင် ပြီးတော့ တရားဓမ္မများကို
အားထုတ်သင့်လှသောအချိန်ဖြစ်ပါတယ်။
ရွှေတရော်အရှင်ဇောတိက(ဗာရာဏသီ )

တောဓလေ့လေး သိစေချင်
တောင်ယာဘဝ
ခါးမလှလည်း
အားရလောက်ဖွယ်
အပြုံးရယ်နှင့်
စီခြယ်မေတ္တာ
သမီးမှာခြုံ
သားမှာငုံ၍ အပူကင်း။
ထင်းတွေခွေခုတ်
အနေစုတ်လည်း
ရွှေထုပ်ကဲ့သို့
ချစ်ခြင်းတို့စီ
ပြုံးလို့ပျော်လျှက်
စည်းစိမ်ထက်လေ
သီးခက်တိုးအောင် အကျိုးဆောင်။
ထမင်းဝိုင်းထဲ
လက်စုံနွှဲလို့
ဟင်းပွဲမစုံ
အတို့မြုံနှင့်
ငုံ့ရုံသာလွေး စားမြိန်ခြင်း။
ဟန်ပန်လေးကင်း
မာန်ကိုရှင်းလျှက်
ပန်းခင်းတံတား
အပြုံးများနှင့်
ဖိတ်ကြားချင်၍ လှမ်းခဲ့ရှင်။
တောဓလေ့လေး သိစေချင်။
လုံ မ ညို
ခါးမလှလည်း
အားရလောက်ဖွယ်
အပြုံးရယ်နှင့်
စီခြယ်မေတ္တာ
သမီးမှာခြုံ
သားမှာငုံ၍ အပူကင်း။
ထင်းတွေခွေခုတ်
အနေစုတ်လည်း
ရွှေထုပ်ကဲ့သို့
ချစ်ခြင်းတို့စီ
ပြုံးလို့ပျော်လျှက်
စည်းစိမ်ထက်လေ
သီးခက်တိုးအောင် အကျိုးဆောင်။
ထမင်းဝိုင်းထဲ
လက်စုံနွှဲလို့
ဟင်းပွဲမစုံ
အတို့မြုံနှင့်
ငုံ့ရုံသာလွေး စားမြိန်ခြင်း။
ဟန်ပန်လေးကင်း
မာန်ကိုရှင်းလျှက်
ပန်းခင်းတံတား
အပြုံးများနှင့်
ဖိတ်ကြားချင်၍ လှမ်းခဲ့ရှင်။
တောဓလေ့လေး သိစေချင်။
လုံ မ ညို
နှစ်ကျိပ်ရှစ် (၂၈) ဆူ ဟူသည်မှာ အဘယ်နည်း
ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော “ ဒီပင်ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ “ဂေါတမ” ဘုရားရှင်အထိ ပွင့်လေခဲ့ပြီးသော ဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။
နှစ်ကျိပ်ရှစ် (၂၈) ဆူကုန်သော ဘုရားရှင်တို့အား အကျွန်ုပ်သည် ဦးခေါင်းရတနာဖြင့် ရှိခိုးပါ၏။ ဟု သမ္ဗုဒ္ဓေဂါထာတော်တွင် ရွတ်ဆိုလေ့ရှိသည် …
၁။ ဘုရားရှင် ၁ ဆူ ပွင့်သော ကမ္ဘာ ကို “သာရ ကမ္ဘာ “
၂။ ဘုရားရှင် ၂ ဆူ ပွင့်သော ကမ္ဘာ ကို “မဏ္ဍ ကမ္ဘာ”
၃။ ဘုရားရှင် ၃ ဆူ ပွင့်သော ကမ္ဘာ ကို “၀ရ ကမ္ဘာ”
၎။ ဘုရားရှင် ၄ ဆူ ပွင့်သော ကမ္ဘာ ကို “သာရမဏ္ဍ ကမ္ဘာ”
၅။ ဘုရားရှင် ၅ ဆူ ပွင့်သော ကမ္ဘာ ကို “ဘဒ္ဒ ကမ္ဘာ”
- ဟု ခေါ် ဝေါ်ကြသည်။
(၂၈) ဆူသော ဘုရားများရေတွက်ပုံ
” သာရ ကမ္ဘာ” (၄) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၄) ဆူ
” မဏ္ဍ ကမ္ဘာ” (၃) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၆) ဆူ
” ၀ရ ကမ္ဘာ” (၂) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၆) ဆူ
” သာရမဏ္ဍကမ္ဘာ” (၂) ကမ္ဘာ ပါဝင်သောကြောင့် – ဘုရား (၈) ဆူ
” ဘဒ္ဒ ကမ္ဘာ ” (၁) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၅) ဆူ
သို့သော် “ဘဒ္ဒ ကမ္ဘာ” တွင် “အရိမေတ္တေယျ” ဘုရားရှင် ပွင့်ရန် ကျန်သေးသောကြောင့် ပထမ ” သာရ ကမ္ဘာ ” တွင် ပွင့်သော ” တဏှင်္ကရာ ” ဘုရားရှင် မှ “ဘဒ္ဒ ကမ္ဘာ” မှ (၄) ဆူမြောက် ဂေါတမ ဘုရားရှင် အထိ (၂၈)ဆူ ရှိလေသည်။
ဂေါတမမြတ်စွာဘုရား အပါအဝင် ပွင့်တော်မူပြီးသော ဘုရားရှင် (၂၈) ဆူ
၁) တဏှင်္ကရာ ဘုရားရှင်
၂) မေဓင်္ဂရာ ဘုရားရှင်
၃) သရဏှင်္ဂရာ ဘုရားရှင်
၎) ဒီပင်္ကရာ ဘုရားရှင်
၅) ကောဏ္ဍည ဘုရားရှင်
၆) မင်္ဂလ ဘုရားရှင်
၇) သုမန ဘုရားရှင်
၈) ရေ၀တ ဘုရားရှင်
၉) သောဘိတ ဘုရားရှင်
၁၀) အနောမဒဿီ ဘုရားရှင်
၁၁) ပဒုမ ဘုရားရှင်
၁၂) နာရဒ ဘုရားရှင်
၁၃) ပဒုမုတ္တရ ဘုရားရှင်
၁၄) သုမေဓာ ဘုရားရှင်
၁၅) သုဇာတာ ဘုရားရှင်
၁၆) ပိယဒဿီ ဘုရားရှင်
၁၇) အတ္ထဒဿီ ဘုရားရှင်
၁၈) ဓမ္မဒဿီဘုရားရှင်
၁၉) သိဒ္ဓတ္ထ ဘုရားရှင်
၂၀) တိဿ ဘုရားရှင်
၂၁) ဖုဿ ဘုရားရှင်
၂၂) ၀ိပဿီ ဘုရားရှင်
၂၃) သိခီ ဘုရားရှင်
၂၄) ဝေဿဘူ ဘုရားရှင်
၂၅) ကကုသန် ဘုရားရှင်
၂၆) ကောဏဂုံ ဘုရားရှင်
၂၇) ကဿပ ဘုရားရှင်
၂၈) ဂေါတမ ဘုရားရှင်
World of Wisdom
....လင်းယုန်နှင့်နဂါး သတိထား.......
အမေရိကန်က ဆီးရီးယားကိုတွယ်တော့မယ်။
ရုရှားကဒီလိုလုပ်ရင် ကြီးစွာနောင်တ ရစေမယ်လို့ ပြင်းထန်စွာသတိပေးတယ်။
ပေါက်ဖေါ်ကြီးက အသာလေး လက်လျှိနေတယ်။
ရုရှားက သတိပေးသံနဲ့ အတူအမေရိကန်က ဆီးရီးယားကို ကြာသာပတေးနေ့  နံနက်မှာဘဲစတင် တိုက်ခိုက်မယ်လို့ သတင်းတွေ ထွက်လာတယ်။
ခန့်မှန်းရက် နဲ့ အလှမ်းမကွာတဲ့ ရက်ပိုင်းမှာ ဖြစ်နိုင်မယ်လို့ အများစုက ထင်နေကြတယ်။
ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း
ကျနော်တော့အဲ့ဒီလိုမထင်မိဘူ
USဟာ လက်ရှိပုံစံအတိုင်းသာဆက်သွာ
အခုလည်းရင်ဘောင်တန်းနေတာဘဲလ
သို့ သော် ယခုကဲ့သို့ သာ USအနေဖြင့် ၎င်းတို့ ၏ စင်္ကြာဝတေးမင်းတံဆိပ်ကို ကာကွယ်လိုဇောဖြင့် တိုင်းပြည်ဘဏ္ဍာငွေအမြောက်အမျ
ပြည်တွင်းစီးပွားရေး နိုင်ငံရေးကဏ္ဍာများအပေါ် နိုင်ငံတကာတွင်စစ်ဆင်နွဲခြင
ဤနေရာတွင်သတိပြုရန်လိုသည်မှ
ကျနော့်ထင်မြင်ချက်ကတော့ USအနေဖြင့်၎င်းတို့ ဆင်နွှဲသောစစ်ပွဲတစ်ခု၏ ကုန်ကျစားရိတ်ကို ကာမိစေမည့်အစီအမံများ မလွဲမသွေရှိနေသည့်အပြင် ၎င်းတို့ စစ်ပွဲဆင်နွှဲလိုပါက ကမ္ဘာပေါ်ရှိ မည်သည့် အဖွဲ့ အစည်း/
တင်ပြပါUS၏စစ်ဆင်နွှဲခြင်းနှ
တရုပ်တို့ အနေဖြင့်US၏ကမ္ဘာလုံးဆိုင်ရ
အချူပ်အားဖြင့်တင်ပြလိုသည်မ
ကျွဲနှစ်ကောင်ခတ်သည့်ကွင်း - မြန်မာပြည်မဖြစ်ပါစေနှင့်ဟု
ငြိမ်းချမ်းလူ
Subscribe to:
Posts (Atom)