Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts

Wednesday, September 11, 2013

ကမ္ဘာကို စိုးရိမ်မှူပေးလိုက်တဲ့ ဘေဂျင်း ၂၀၀၈ ပန်းချီကား

တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ လီရိ ရေးဆွဲထားတဲ့ ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေါင်းများစွာကို လှူပ်နှိုးပေးနိုင်စွမ်းပါတယ်။

ပုံထဲမှာ ကျောကို ဆေးမင်ကြောင်ချယ်ထားတဲ့ အမျိုးသမီးလေးဟာ တရုတ်ပြည်ကို ကိုယ်စားပြုပြီး ဘယ်ဘက်က ကစားဝိုင်းကို အာရုံစူးစိုက် နေသူလေးကတော့ ဂျပန်ပါတဲ့။ ည၀တ်အကျီင်္နဲ့ ခေါင်းကို နောက်လှန် ထားသူကတော့ အမေရိကန်မယ်လေးဖြစ်ပြီး ကြမ်းပေါ်မှာ လဲလျောင်း နေတာကတော့ ရုရှားမိန်းကလေးဖြစ်ပါတယ်။ ဘေးနားမှာရပ်ကြည့်နေတဲ့ ကလေးမလေး ကတော့ ထိုင်ဝမ်သူလေးပါ။

ဘေဂျင်း ၂၀၀၈ ပန်းချီကားဟာ အနောက်တိုင်းနဲ့ အင်တာနက်ပေါ်မှာ အကြိတ် အနယ်ဆွေးနွေးရတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ မိန်းမ ၄ ယောက် မာဂျောင်ကစားနေတဲ့ပုံဟာ လျို့ဝှက် အဓိပ္ပါယ်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့အပြင် နာမည်ကိုက ဘေဂျင်း ၂၀၀၈ ပါတဲ့။

တရုတ်ရဲ့ ခေါင်းစဉ်ကိုက အရှေ့လေ လို့ နှစ်ခွအဓိပ္ပါယ်ရနေပါတယ်။ တစ်ခုက တရုတ်ပြည်ရဲ့ ကမ္ဘာ့အင်အားပြိုင်ဘက်အဆင့်ကို ဖော်ပြပြီး နောက်တစ်ခု ကတော့ တရုတ်ရဲ့ စစ်အင်အားနဲ့ လက်နက်အင်အားတို့ဟာ စားပွဲပေါ်မှာ အဆင်သင့်ရောက်နေပြီလို့ ပြသထားပါတယ်။ တစ်ဖက်မှာတော့ တရုတ်ဟာ နေရာကောင်း ရထားသလိုလိုရှိနေပေမဲ့လည်း မိန်းကလေးရဲ့ တစ်ခြားလက် တစ်ဖက်ကို မြင်ခွင့်မရပါဘူး။ ဒါ့အပြင် မိန်းကလေးဟာ နောက်လက် တစ်ဖက်ကလည်း စားပွဲအောက်မှာ ၀ှက်ကစားနေပါသေးတယ်။

အမေရိကန်သူလေးကတော့ သိပ်ကိုယုံကြည်မှုရှိတဲ့ပုံစံလေးနဲ့ပါ။ ထိုင်ဝမ်သူလေးကို လှမ်းကြည့်အကဲခတ်နေပြီး မျက်နှာရိပ် မျက်နှာကဲ ပြနေပုံပေါ်ပါတယ်။ ရုရှားမယ်ကတော့ ကစားပွဲကို စိတ်မ၀င်စားချင်ယောင် ဆောင်နေပေမယ့် တကယ်တမ်းမှာ ခြေတစ်ဖက်က အမေရိကန်ကို ချိတ်လို့ လက်တစ်ဖက်ကတော့ တရုတ်ကို ကမ်းလျှက်ရှိနေပါတယ်။ နိုင်ငံနှစ်ခုလုံးနဲ့ တိတ်တဆိတ် အကျိုးစီးပွားဖလှယ်လေ့ရှိတဲ့သဘောပါ။

ဂျပန်ကတော့ အင်တိုက်အားတိုက်ကို သူ့အကျိုးစီးပွားတွေကို အာရုံပြုနေပြီး တခြားသူတွေကို ဂရုမပြုပါဘူး။

ထိုင်ဝမ်သူလေးက ရိုးရာအင်္ကျီနီလေးကို ၀တ်ဆင်ထားပြီး သူဟာ တရုတ်ရဲ့ ယဉ်ကျေးမှု အမွေဆက်ခံသူဖြစ်ကြောင်း ပြသနေပါတယ်။ သူ့လက်ထဲမှာ သစ်သီးပန်းကန်ကိုကိုင်လို့ လက်တဖက်မှာတော့ ဓါးတစ်ချောင်းနဲ့ပါ။ သူဟာ တရုတ်ကို ကြေကွဲနာကျင်တဲ့ အမုန်းတွေနဲ့ စိုက်ကြည့်နေပြီး ကစားပွဲမှာ ဘယ်သူပဲနိုင်နိုင် သစ်သီးတွေကို ကျွေးဖို့စောင့်နေရပါတယ်။

အပြင်ဘက်မှာတော့ မြစ်ရေပြင်ဟာ လေထန်နေပြီး မုန်တိုင်းကျတော့မဲ့ အခြေအနေမျိုးမို့ ဒါဟာ တိုင်းပြည်နှစ်ခုကြားက တင်းမာပေါက်ကွဲလုလု အနေအထားကို ပြဆိုပါတယ်။ နံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားကလဲ သိပ်ကို အဓိပ္ပါယ်ရှိတာပါ။ မာအိုရဲ့ မျက်နှာ၊ ချန်ကေရှိတ်ရဲ့ နဖူးပြောင်နဲ့ ဆွန်ယက်ဆင်ရဲ့ မုတ်ဆိတ်တို့ကို ပေါင်းစပ်ရေးဆွဲထားပါတယ်။

မိန်းကလေး ၄ ယောက်ရဲ့ အ၀တ်အစားအနေအထားဟာ တိုင်းပြည်တစ်ခုစီရဲ့ စီးပွားရေးကို ပြဆိုပါတယ်။ တရုတ်ဟာ အပေါ်ပိုင်းဗလာပေမယ့် အောက်ပိုင်း မှာတော့ စကတ်နဲ့ အတွင်းခံကို ၀တ်ဆင်ထားပါတယ်။ အမေရိကန်ကတော့ ဘရာစီယာနဲ့ အပေါ်ရုံအကျီင်္ကို ၀တ်ထားပေမဲ့လည်း အောက်ပိုင်း ဗလာ ဖြစ်နေပြန် ပါတယ်။ ရုရှားကတော့ အတွင်းခံဘောင်းဘီလေးသာကျန်ပြီး ဂျပန်ကတော့ လုံးတီးနဲ့ပါ။

ရုတ်တရက် ကြည့်လိုက်ရင် အမေရိကန်က အခြေအနေအကောင်းဆုံးလို့ ထင်ရပြီး တောက်ပြောင်နေပေမယ့် အထိအရှမခံနိုင်ဆုံး အပိုင်းဟာ ရှင်းရှင်းကြီး ပေါ်နေပါပြီ။ တရုတ်နဲ့ ရုရှားဟာ အ၀တ်မပါဘူးဆိုပေမဲ့လည်း လုံရမယ့်အပိုင်းတွေကို လုံအောင်ဖုံးထားနိုင်စွမ်းရှိနေပါသေးတယ်။

တကယ်လို့များ ဒီကစားပွဲအပြီးမှာ ကျန်သမျှကိုသာ ချွတ်ကြရကြေးဆိုရင် တရုတ်ရှူံးခဲ့ရင် ရုရှားနဲ့တူပါတော့မယ်။ ( ဒါဟာ ရုရှားပြိုကွဲခြင်းကို ညွှန်းပါတယ်။ ) အမေရိကန် ရှူံးခဲ့ရင်လဲ ရုရှားနဲ့ပဲ တူပြန်မှာပါပဲ။ တကယ်လို့ ရုရှားရှူံးရင်တော့ အားလုံးရှူံးပြီး ဂျပန်ကတော့ နဂိုကထဲက ဘာမှ မကျန်တော့တာပါ။

ရုရှားဟာ အိမ်ဖြည့်ရုံဝင်ကစားနေတယ်ထင်ရပေမယ့် တကယ်တော့ တရုတ်နဲ့ ပေါင်းပြီး လိမ်ကစားနေပါတယ်။ တကယ်အိမ်ဖြည့်နေရသူကတော့ ဂျပန်ပါ။ ဒီတစ်ခါရှူံးရင်တော့ ဂျပန်ဟာ ကစားဝိုင်းကထွက်ရပါတော့မယ်။

အမေရိကန်ဟာ အကောင်းဆုံးဖြစ်နေတယ်ဆိုပေမယ့် အန္တရာယ်တွေဝိုင်းလို့ပါ။ ဒီတစ်ချီရှူံးရင် ကမ္ဘာ့အင်အားကြီးအနေအထားကို စွန့်လွှတ်ရပါမယ်။ ရုရှားကတော့ နှစ်ဖက်ကစားနေပြီး တရုတ်လွတ်လပ်ခါစ အနေအထားမျိုး ဖြစ်နေပါတယ်။ အဲဒီတုန်းက တရုတ်ဟာ ရှင်သန်ရပ်တည်ရေးအတွက် ရုရှားကိုမှီခိုပြီးနောက် အမေရိကန်ကို မှီခိုခဲ့ရပါတယ်။

တရုတ်ရဲ့ မာဂျောင်အတုံးကလေးတော်တော်များများကို မြင်ခွင့်မရတာဟာ တရုတ်မှာ လျို့ဝှက်ဖုံးကွယ်ထားတဲ့ ရည်မှန်းချက်အတော်များများရှိလိမ့်မယ်လို့ ပြဆိုပါတယ်။ ဒါ့အပြင် တရုတ်ဟာ ရုရှားနဲ့ တိတ်တိတ်ဖလှယ်နေပြီး အမေရိကန် ကတော့ ထိုင်ဝမ်သူလေးရဲ့ ပုံစံကနေသာ မှန်းဆနေရပါတယ်။ ဂျပန်ကတော့ သူ့ကိုယ်သူကလွဲလို့ ဘယ်အရာမှ စိတ်မ၀င်စားပါ။

ထိုင်ဝမ်ကလေးမကတော့ ကစားပွဲကို အေးစက်စက်နဲ့ကြည့်နေပါတယ်။ ကစားသမား ၄ ယောက်လုံး ဘာလုပ်နေသလဲလို့ ကောင်းကောင်းမြင်နိုင်ပြီး ဘာတွေဆက်ဖြစ်မလဲလို့ နားလည်ထားပါတယ်။ ဒါပေမဲ့လည်း ကစားပွဲကို ၀င်ခွင့်လုံးဝမရှိတဲ့အပြင် စကားတောင်ပြောခွင့်မရပါဘူး။ သူ့မှာ ပြောစရာ၊ အပြစ်တင်စရာအတော်များများရှိတာတောင်မှ ဘယ်သူ့ကိုမှ ပြောခွင့်မရပါဘူး။ သူလုပ်နိုင်သမျှကတော့ လိမ္မာတဲ့မိန်းကလေးလို နေပြပြီး အောင်နိုင်သူကို သစ်သီးဆက်ဖို့ပါပဲ။

နောက်ဆုံးဘယ်သူနိုင်မလဲဆိုတာ တရုတ်နဲ့ အမေရိကန်ကြားမှာပဲ ရှိနေတာထင်ရှားလှပါတယ်။ အနီးကပ်ထပ်ကြည့်ရင်တော့ အမေရိကန်က ကစားအားရှိနေသေးပေမဲ့ ကစားနေတာက တရုတ်မာဂျောင်ပါ။ အနောက်တိုင်းပိုကာ ကစားနည်းမဟုတ်ပါဘူး။ တရုတ်ရဲ့ ကစားပွဲ စည်းမျဉ်းတွေနဲ့ ကစားနေပြီးတဲ့နောက် အမေရိကန်နိုင်ဖို့ အခွင့်အလမ်း ဘယ်လောက်များရှိနိုင်ပါ့မလဲ

ရွှေသတင်းသစ် 




Thursday, August 29, 2013

မြန်မာနိုင်ငံအပေါ်အပြစ်မြင်နေသော ကင်တားနား

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်မစ္စ တာကင်တားနားတစ်ယောက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စတွေ မှန် မှန်ကန်ကန်ဆောင်ရွက်ရန် အပြုသဘောဆောင်ပြောကြားဖို့ မြန်မာ နိုင်ငံ ကို ရောက်ရှိလာပါတယ်။ သို့သော် ကင်တာနားကိုရောက်တဲ့နေရာတိုင်းမှာ ဆန္ဒပြနေကြပါတယ်။ ကုလသမဂ္ဂ ရဲ့ကိုယ်စားလှယ်လို့ နာမည်တပ်ထားပေ မယ့် ကင်တာနားဟာ မွတ်ဆလင်တွေရဲ့ကိုယ်စားလှယ်သာ ဖြစ်တယ် လို့ ဒေသခံတွေက ထင်နေတဲ့အတွက် ဆန္ဒပြခဲ့ကြတာပါ။

မိတ္ထီလာ ရောက်တော့လဲ ဒေသခံတွေအနေနဲ့ သူတို့ရဲ့ ခံစားချက်တွေ ကိုပြောချင်လွန်းလို့၊ ပြောခွင့်မရခဲ့ရင်လဲ အိတ်ဖွင့်ပေးစာပေးဖို့ သူ့ကားအ နားကို ကပ်ခဲ့ကြတာပါ။ ဟုတ် မဟုတ်၊ မှန်မမှန် မိတ္ထီလာမှာရှိတဲ့ တိုင်းရင်း သားတွေကို သွားမေးကြည့်နိုင်ပါတယ်။ ကင်တားနားပြောသလို သူ့ အတွက် လုံခြုံရေးတွေလုပ်မပေးဘူး ဆိုတာကလဲ မမှန်တဲ့စကားရပ်ပါ။ ကင်တာနားအ တွက် အစိုးရက လုံခြုံရေးတွေ အပြည့်အစုံပေးထားတာမို့ အီဂျစ်တို့၊ အီရတ် တို့ နိုင်ငံတွေမှာလို အသေခံဗုံးခွဲမှာ မစိုးရိမ်ရပါဘူး။ ပဋိပက္ခ တစ်ခုခု ဖြစ်လာ ရင် မွတ်ဆလင်တွေသာ နစ်နာတာမဟုတ်ပါဘူး။ ကျန်တဲ့ဘာသာကို ကိုးကွယ်သူတွေလည်း နစ်နာဆုံးရှုံး တာပါပဲ။

ဒီမိုကရေစီလမ်းကြောင်းနဲ့သွားနေတဲ့နိုင်ငံအတွက်ရှေ့ဆက်လှမ်းရမယ့် ခြေလှမ်းတွေ တန့်တန့်နေပါတယ်။မြန်မာနိုင်ငံအတွင်းမှာ ဖြစ် ပျက်နေတာတွေ၊ ဆက်စပ်တွေတာ၊ တိုက်ဆိုင်မှုတွေဟာ ပြဿနာမဖြစ်ဖြစ်အောင် ဖန်တီးနေ သူတွေရှိနေတယ်လို့ထင်ပါတယ်။ ဘာကြောင့်ဒီလိုပြောရသလဲဆိုရင်…ကင် တားနားမြန်မာနိုင်ငံကိုမလာခင် ကလေးမှာ အမျိုးသမီးတစ်ဦးအလောင်းနဲ့
ပတ်သက်လို့ မွတ်ဆလင်တွေကရဲတပ်ဖွဲ့ဝင်တွေကိုပြဿနာရှာတဲ့ဖြစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။ ပြည်နယ်အစိုးရလူကြီးတွေက ဖြေရှင်းလိုက်လို့ ငြိမ်းအေးသွားခဲ့ပါတယ်။

ကင်တားနားမြန်မာ နိုင်ငံကနေပြန်သွားပြီးတဲ့နောက်မှာ ကန့်ဘလူမှာပြဿ နာဖြစ်ပါတယ်။ဒါလဲ မွတ်ဆလင်ဘာသာဝင်တစ်ဦးကစလို့ ဖြစ် ရတာပါပဲ။
ကင်တာနားက သူ့အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ဘက်လိုက်ခြင်းမရှိပါဘူး။ သူဟာတောင်အမေရိကတိုက်က အာဂျင်တီးနားနိုင်ငံသားပါ။ အာ ဂျင်တီးနားမှာ မူဆလင်အသိုင်းအ၀ိုင်းလည်းမရှိသလိုဗုဒ္ဓဘာသာ အသိုင်း အ၀ိုင်းလည်း မရှိပါဘူးလို့ပြောပါတယ်။ ဒါကြောင့်မို့ သူ့အနေနဲ့ ဒီပြဿ နာတွေမှာ တဘက်ဘက်ကို ဘက်လိုက် ဆောင်ရွက်စရာ အကြောင်း လုံးဝမရှိပါဘူးလို့ ပြောခဲ့ပါတယ်။ ပြောတဲ့အတိုင်းသာ သူတကယ် လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ ၀မ်းမြောက်ဝမ်းသာကြို ဆိုပါတယ်။






ဒါပေမယ့် ကင်တားနားဟာ မွတ်ဆလင်ဘာသာနဲ့သက်ဆိုင်ခြင်းမရှိလို့ ဘက်လိုက်ခြင်းမရှိဘူးဆိုပေမယ့် သူရဲ့ လုပ်ရပ်တွေဟာ ဘက်တစ်ဘက် တည်းကိုသာကြည့်ပြီး အစီရင်ခံစာရေးတင်တဲ့အတွက် ဒေသခံတွေက ဘက်လိုက် တယ်လို့ ယူဆခဲ့ပါတယ်။ မွတ်ဆလင်တိုင်းပြည်တွေမှာအလုပ် လုပ်ဖူးပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကုလသမဂ္ဂ ကိုယ်စားလှယ် အဖြစ်နှစ်ပေါင်းများစွာကြာကြာလုပ်ကိုင်ခဲ့သူဖြစ်တဲ့ဒေါက်တာ ဒေါ်ရင်ရင်နွယ်ကိုယ်တိုင်က ကင်တာနား ဘက်လိုက်ခဲ့တယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

ထားပါတော့ ဘက်မလိုက်ဘူးပဲ ထားပါတော့ ..ဒါပေမယ့် အမှန် အတိုင်း ပြောသင့်တဲ့စကားတွေတော့ ကင်တားနားမပြောခဲ့ပါဘူး။
မြန်မာနိုင်ငံမှာနေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ခံစားချက်ကိုတော့ ကင်တားနား ပြည့်ပြည့်စုံစုံမသိပါဘူး။မသိ လို့လည်း သူ့အနေနဲ့ မွတ်ဆလင်တွေအပေါ်သနားစိတ်ဝင်နေတာဖြစ်ပါတယ်။ ရှည်ရှည်ဝေးဝေးမပြောချင်ပါဘူး။ သူတို့ အစ္စလာမ်ကိုးကွယ်တဲ့ တိုင်းပြည်တွေနဲ့ နှိုင်းယှဉ်ကြည့်မှ မြန်မာနိုင်ငံဖြစ်ပျက်နေတဲ့ကိစ္စတွေ
ရှင်းရှင်းလင်းလင်းမြင်ပါ လိမ့်မယ်။

ပြီးတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ပဋိပက္ခတွေဟာ မွတ်ဆလင်ဘာ သာဝင်တွေက စတင်လို့ဖြစ်ရတာကို လဲ မစ္စတာကင်တာနား ခွဲခွဲခြားခြား သိစေချင်ပါတယ်။ အဲလိုမှသိပြီး သိတဲ့အတိုင်းသတင်းထုတ်ပြန်ပေးပါ။ ဒါဟာ တကယ့်ဖြစ်ရပ်မှန်တွေပါပဲ။မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေ အပေါ် တစ်ခြားဘာသာဝင်တွေက အကြောင်းမဲ့ အနိုင်ကျင့်တာလုံးဝ (လုံးဝ) မရှိပါဘူး။ မွတ်ဆလင်တွေက ရန်စလို့ဖြစ်ခဲ့ရတာချည်းပါပဲ ဆိုတာငြင်းလို့မ ရတဲ့ဖြစ်ရပ်မှာ။ နောက်ပိုင်းကျမှသာ မြန်မာတွေက မခံမရပ်နိုင်ဖြစ်လွန်းလို့ လူအုပ်စုဖွဲ့ ဖျက်ဆီးမှုတွေဖြစ်လာတာပါ။ ဒါကိုလည်း အစိုးရက ဥပဒေအတိုင်း လုပ်ဆောင်နေပါတယ်။ ဘယ်ဘာသာဝင်ကိုမဆို သူကျူးလွန်တဲ့ ပြစ်မှုအတိုင်းအတာအရ အရေးယူအပြစ်ပေးနေပါ တယ်။

ဒါလဲအမှန်တရားပါပဲ။ ဒါတွေကို ကင်တားနား တကယ်သိတယ်ဆိုရင် မြန်မာလူထုက ကင်တားနားကို ကြိုဆို နေမှာပါ။

အမေ့အိမ်

....လင်းယုန်နှင့်နဂါး သတိထား.......


အမေရိကန်က ဆီးရီးယားကိုတွယ်တော့မယ်။

ရုရှားကဒီလိုလုပ်ရင် ကြီးစွာနောင်တ ရစေမယ်လို့ ပြင်းထန်စွာသတိပေးတယ်။

ပေါက်ဖေါ်ကြီးက အသာလေး လက်လျှိနေတယ်။

ရုရှားက သတိပေးသံနဲ့ အတူအမေရိကန်က ဆီးရီးယားကို ကြာသာပတေးနေ့  နံနက်မှာဘဲစတင် တိုက်ခိုက်မယ်လို့ သတင်းတွေ ထွက်လာတယ်။
ခန့်မှန်းရက် နဲ့ အလှမ်းမကွာတဲ့ ရက်ပိုင်းမှာ ဖြစ်နိုင်မယ်လို့ အများစုက ထင်နေကြတယ်။

ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ လီကွမ်ယူပြောသလိုဘဲ USဟာ အနည်းဆုံး ၁၀-စုနှစ်လေးငါးခုလောက်အထိ ဆက်ပြီးဦးဆောင်သွားနိုင်တယ်လို့ တစ်ချို့ ကပြောတယ်။

ကျနော်တော့အဲ့ဒီလိုမထင်မိဘူး။

USဟာ လက်ရှိပုံစံအတိုင်းသာဆက်သွားနေမယ်ဆိုရင် မကြာခင်မှာဘဲ တရုက်ရဲ့ ရင်ဘောင်တန်း ခွါရာတိုင်းတာကို ၁၀-စုနှစ် နှစ်ခုလောက် အတွင်းမှာကို ပီပီပြင်ပြင် ခံရနိုင်သည်ဟု ယူဆမိပါတယ်။

အခုလည်းရင်ဘောင်တန်းနေတာဘဲလို့ မေးရင် မတန်းနိုင်သေးဘူးလို့ ဘဲတိုတိုနဲ့ လိုရင်းဖြေရမှာဘဲ တစ်ခြားနေရာတွေတော့မသိဘူး ရေတပ်အင်အား/ နည်းပညာမှာUSကို တရုပ်မှီဘို့ ဆိုတာအနည်းဆုံး ၁၀-နှစ်အထက်မှာ ရှိနေသေးတယ်။ လေတပ်ခြင်းယှဉ်ရာမှာလည်း လေတပ်ရဲ့  ရွှေ့ ပြောင်းနိုင်တဲ့ လေယဉ်ကွင်းတွေရဲ့ မိခင်ဖြစ်တဲ့ ရေတပ်ကိုအမှီ မလိုက်နိုင်သေးလို့  မဖြစ်နိုင်သေးပါဘူး။

သို့ သော် ယခုကဲ့သို့ သာ USအနေဖြင့် ၎င်းတို့ ၏ စင်္ကြာဝတေးမင်းတံဆိပ်ကို ကာကွယ်လိုဇောဖြင့် တိုင်းပြည်ဘဏ္ဍာငွေအမြောက်အများကို ဆုံးရှုံးခံ ကာကမ္ဘာအနှံ့ စစ်ပွဲများဆင်နွဲနေခြင်းသည် ၎င်းတို့ တိုင်းပြည်၏စီးပွားရေး နိုင်ငံရေးကဏ္ဍများတွင်မည်မျှအထိအနှုတ်လက္ခဏာဆောင်မည်လည်းဆိုသည့်အချက်သည် ၎င်းတို့ ကို တရုပ်အနေဖြင့် ကဏ္ဍာမျိုးစုံတွင် ပီပီပြင်ရင်ဘောင်တန်း ခွါရာတိုင်းနိုင်မည်လည်းဆို့ သည့်အဖြေပင် ဖြစ်လာပါလိမ့်မည်။

ပြည်တွင်းစီးပွားရေး နိုင်ငံရေးကဏ္ဍာများအပေါ် နိုင်ငံတကာတွင်စစ်ဆင်နွဲခြင်းများ၏ အနှုတ်လက္ခဏာအညွှန်းကိန်း များလျှင်များသလို နည်းရင်နည်းသလို တရုပ်သည်US အား ရင်ဘောင်တန်းနိုင်ပါလိမ့်မည်။

ဤနေရာတွင်သတိပြုရန်လိုသည်မှာ US၏ပြည်ပနိုင်ငံများအပေါ်စစ်ဆင်နွဲနေခြင်းသည်၎င်းတို့ နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍကို အမှန်တကယ် အနုတ်လက္ခဏာဆောင်/မဆောင် ဟူသည့်အချက် ဖြစ်သည်။ သာမန်အားဖြင့်ကြည့်မည်ဆိုပါက စစ်တိုက်လျင် တိုင်းပြည်ဘဏ္ဍာငွေဆုံးရှူံးသည်ဟု ယူဆဖွယ်ရာဖြစ်သော်လည်း ကမ္ဘာ့လူလည်ကြီးUSတို့ အဖို့ ၎င်းအချက်ကို ထည့်သွင်းစဉ်းစားဖွယ် ရှိ/မရှိကို မိတ်ဆွေများသာ သုံးသပ်ကြည့်ကြပါ။



ကျနော့်ထင်မြင်ချက်ကတော့ USအနေဖြင့်၎င်းတို့ ဆင်နွှဲသောစစ်ပွဲတစ်ခု၏ ကုန်ကျစားရိတ်ကို ကာမိစေမည့်အစီအမံများ မလွဲမသွေရှိနေသည့်အပြင် ၎င်းတို့ စစ်ပွဲဆင်နွှဲလိုပါက ကမ္ဘာပေါ်ရှိ မည်သည့် အဖွဲ့ အစည်း/နိုင်ငံကြီးများမှကန့်  ကွတ်နေသည်ဖြစ်စေ လုံးဝဂရုမစိုက်ဘဲ ဖြစ်အောင်လုပ်နိုင်သည့်၎င်းနှင့် NATOစစ်အုပ်စု၏သြဇာ အာဏာကိုအသုံးပြု၍ နိုင်ငံတကာ စီးပွားရေးနယ်ပယ်တွင် စီးပွားရေးအရ အသာစီးရယူ အမြတ်ထုတ် မှုများဖြင့် ၎င်းတို့ဆင်နွဲသော စစ်ပွဲကုန်ကျစားရိပ်များကို ကာမိစေရန် ဆောင်ရွက် နေသည်ဟုယူမိပါသည်။

တင်ပြပါUS၏စစ်ဆင်နွှဲခြင်းနှင့်စစ်အသုံးစားရိတ်ပြန်လည်ရှာဖွေခြင်းနည်းလမ်းကို တရုပ်တို့ အနေဖြင့် ကောင်းစွာရိပ်စား မိသောကြောင့်သာ US၏ ပြည်ပစစ်များ ဆင်နွှဲနေခြင်းများကို ရုရှားနိုင်ငံကဲသို့  သတိပေးခြင်း ဝေဖန်ခြင်းများ ကမ္ဘာသိပြုလုပ်ခြင်းမရှိဘဲ အသာလက်လျှိုနေသည်ဟု ထင်မြင် ယူဆဖွယ်ရာဖြစ်ပါသည်။

တရုပ်တို့ အနေဖြင့်US၏ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးနေမှုကိုထိန်းချူပ်နိုင်ရန်နှင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံ ပေါ်တွင်တရုပ်၏သြဇာအာဏာကျယ်ပြန့် လာစေရေး မဟာဗျူဟာ အနေဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် စီးပွားရေးအရ ကြိုတင်လက်ဦးမှု ရယူပြီး ၎င်းတို့ ကို့ ကိုစီးပွားရေးအရ မဖြစ်မနေ မှီခိုနေရသော အခြေအနေများ ဖန်တီးကာ USဆန့် ကျင်ရေး သဘောထားများကို ကျယ်ကျယ်ပြန့် ပြန်.့ ဖြစ်ပေါ် နေစေရေး မဟာဗျူဟာကို စွဲကိုင်လျက် တစ်ချိန်တွင် ကိုဆိုဗိုရှိ တရုပ်သံရုံး မှားယွင်း ဗုံးကြဲခံခဲ့ရမှု အကြွေးကို ပြန်ဆပ်နိုင်ရန် ကြံစဉ်နေမည်မှာ အသေအခြာပင်ဖြစ်ပါသည်။

အချူပ်အားဖြင့်တင်ပြလိုသည်မှာ ကျနော်တို့ နိုင်ငံအနေဖြင့် တင်ပြပါနိုင်ငံကြီးနှစ်ခု၏ အထူးအာရုံစိုက် ခြင်းကိုခံနေရသည့် ယခုလိုအချိန်မျိုးတွင် အကွက်ရွှေ့ မှားလျင် အစားခံရမည့် အခြေအနေ မှန်သမျှကို ရှင်းရှင်းလင်း နားလည်သိမြင်ကြပြီး တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရေးကိုအရေးတကြီး ၊အဆောတလျင် တည်ဆောင်နိုင်ကြပါစေလို့ တိုက်တွန်းတင်ပြ အပ်ပါတယ်ခင်ဗျာ။

ကျွဲနှစ်ကောင်ခတ်သည့်ကွင်း - မြန်မာပြည်မဖြစ်ပါစေနှင့်ဟု ဆန္ဒပြုလျက်

ငြိမ်းချမ်းလူ

Wednesday, August 28, 2013

အခြေခံဥပဒေကပေးသော အခွင့်အရေးကို ပြည်သူများအမှန်တစ်ကယ်ရရှိခံစားစေလို

လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်နှင့်စပ်လျဉ်း၍ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည့် အချက်များနှင့် လုပ်ဆောင်ရမည့်အချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၏ ပုဒ်မ - ၃၉၆ တွင် ပြဋ္ဌာန်းထားပြီး ထိုပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သောဥပဒေများကို ပြဋ္ဌာန်းရန် အခြေခံဥပဒေပုဒ်မ - ၃၉၇ တွင် ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ပြည်သူများလေ့လာသိရှိ အကြံပြုနိုင်ရန်အတွက် ၃၀-၈-၂၀၁၂ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြခဲ့သည်ကို လေ့လာဖတ်ရှုခဲ့ရပါသည်။ ထို့ကြောင့် လွှတ်တော် ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကို အမြန်ပြဋ္ဌာန်းရန် လိုအပ်ကြောင်းကိုလည်း ဂျာနယ်များတွင် ရေးသားဖော်ပြသည့် ဆောင်းပါးများတွင်လည်း လေ့လာဖတ်ရှုခဲ့ရပါသည်။
အခြေခံဥပဒေတွင် အတိအလင်းပြဋ္ဌာန်းထားချက်အရ “ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည် ရုပ်သိမ်းခွင့် ’’ သည် နိုင်ငံသားများ၏ အခြေခံဥပဒေအရ ရရှိထားသည့် အခွင့်အရေး Citizen’s Constitutional Prerogative ဖြစ်သည်ကို မည်သူမှ ငြင်းနိုင်မည်မဟုတ်ပေ။ ထို့အပြင် မဲဆန္ဒရှင်များက ရွေးချယ်တင်မြှောက် ထားသည့် လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်ပြည်သူများက ပြန်လည်ရုပ်သိမ်းနိုင်ခွင့်ရှိခြင်းသည်လည်း ဒီမိုကရေစီနည်းကျကျဆောင်ရွက်သည့် နည်းလမ်းလည်း ဖြစ်ပါသည်။ ထို့အပြင် အခြေခံဥပဒေ ပုဒ်မ - ၂၁(ဃ)အရ နိုင်ငံသားများ၏ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ တာဝန်နှင့် တားမြစ်ချက်များ ထိရောက်ခိုင်မာပြည့်စုံစေရန် လိုအပ်သော ဥပဒေပြဋ္ဌာန်းပေးရမည်ဖြစ်ရာ ပုဒ်မ - ၃၉၆ အရ ရရှိခံစားရမည့် နိုင်ငံသားများ၏ လုပ်ပိုင်ခွင့်နှင့် ခံစားခွင့်အတွက် လိုအပ်သော “ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ ’’ ကို နိုင်ငံသားများအတွက် မဖြစ်မနေ ပြဋ္ဌာန်းပေးရမည်ဖြစ်ပါသည်။ 
အခြားနိုင်ငံများတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်များပြန်လည်ရုပ်သိမ်းခွင့်ကို ကျင့်သုံး ဆောင်ရွက်လျက်ရှိကြပြီး လုပ်ထုံးလုပ်နည်းများမှာ ကွဲပြားခြားနားမှုရှိပါသည်။ အမေရိကန်၊ အိန္ဒိယကဲ့သို့သော နိုင်ငံများတွင် ပြည်ထောင်စုအဆင့်၌ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ကို မကျင့်သုံးကြခြင်းမှာလည်း ၎င်းတို့အခြေခံဥပဒေများက ထိုအခွင့်အရေးကို ပေးထားသောကြောင့်ဖြစ်သည်။ စာရေးသူမှာလည်း ဥပဒေပညာလေ့လာလိုက်စားနေသူတစ်ဦးဖြစ်၍ မိမိတို့နိုင်ငံ၏ အခြေခံဥပဒေနှင့် အခြားနိုင်ငံ များ၏ ဥပဒေများကို နှိုင်းယှဉ်လေ့လာခဲ့ပါသည်။ မတူသည်များကို နှိုင်းယှဉ်ဖော်ပြနေရလျှင် ဖော်ပြ၍ပင် ကုန်နိုင်မည် မထင်ပါ။ ဥပမာအားဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတအား ပြည်ထောင်စုလွှတ်တော်က ရေးဆွဲပေးပို့သည့် ဥပဒေကြမ်းကို ပယ်ချနိုင်သည့်အာဏာ (Veto Power) ပေးမထားခြင်းမျိုးဖြစ်သည်။ အုပ်ချုပ်ရေးကဏ္ဍနှင့် တရားစီရင်ရေးကဏ္ဍတို့မှ ပုဂ္ဂိုလ်များကို စွပ်စွဲပြစ်တင်၍ ဖြုတ်ချနိုင်သည့် အခွင့်အရေးရှိသလို လွှတ်တော် ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်ရှိခြင်းမှာလည်း အာဏာများခွဲဝေသုံးစွဲခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းမှုစနစ်တို့နှင့်လည်း လိုက်လျောညီထွေမှုရှိပါသည်။
ပြည်သူများအနေဖြင့် မိမိတို့ရွေးချယ်တင်မြှောက်ထားသူက မိမိတို့အကျိုးနှင့် နိုင်ငံတော်အကျိုးကို ဆောင်ရွက်ပေးနိုင်မှုမရှိဟု ယုံကြည်ခံစားရလာပါက အခြေခံဥပဒေက ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အရ ထိုသူကို ပြန်လည်ရုပ်သိမ်းနိုင်ခြင်းမှာလည်း သဘာဝကျပါသည်။ ပြည်သူများက ယုံကြည်ကိုးစားပြီး ပြည်သူနှင့် နိုင်ငံအကျိုး အမှန်တကယ်သယ်ပိုးနေသူ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် ရုပ်သိမ်းလိုသူ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း မဆိုထားနှင့် ၀.၁ ရာခိုင်နှုန်းပင် ပေါ်ပေါက်လာမည်မဟုတ်ပေ။ ပြည်သူများကို ကိုယ်စားပြုသည့် ပြည်သူ့ ကိုယ်စားလှယ်များအနေဖြင့် အခြေခံဥပဒေကပေးထားသော ပြည်သူများ၏ အခွင့်အရေးကို ယုံကြည်ရဲဝံ့စွာ ဖော်ဆောင်ပေးရမည့်အချိန် ကျရောက်နေပြီဖြစ်ပါသည်။ ပြည်သူများကို ထိုအခွင့်အရေးပေးလိုက်ခြင်းကြောင့် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဆိုသည်မှာလည်း ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေပေးခြင်းမဟုတ်ပေ။ အမှန်တကယ်ဆိုလျှင် ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များအရ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းဆိုသည်မှာ လွယ်ကူသောလုပ်ငန်းစဉ်တစ်ခု မဟုတ်သည်ကို လေ့လာတွေ့ရှိရမည်ဖြစ်ပါသည်။ 
အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ပြန်လည်လေ့လာသုံးသပ်ခြင်းမှာလည်း မည်သည့်အချိန်တွင် ပြီးမြောက်မည်ဟု အချိန်ကန့်သတ်ချက်မရှိသည့်အတွက် အခြေခံဥပဒေကို ပြန်လည်လေ့လာသုံးသပ်နေသည့် ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်များကို ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းစဉ် များကို ဆိုင်းငံ့ထားခြင်းသည် အခြေခံဥပဒေအရ ပြည်သူများရရှိမည့် လုပ်ပိုင်ခွင့်ကို အကန့်အသတ်မရှိ ဆိုင်းငံ့ ထားခြင်းလည်းဖြစ်ပါသည်။ သို့ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ - ၃၉၆ အရ ပေးအပ်ထားသည့် ပြည်သူတို့၏ လုပ်ပိုင်ခွင့်ကို ရရှိခံစားကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် အခြေခံဥပဒေ ပုဒ်မ - ၃၉၇ အရ ဥပဒေပြဋ္ဌာန်း ဆောင်ရွက်နိုင်ရေးကို အခြေခံဥပဒေ ပုဒ်မ - ၂၁(ဃ)နှင့်အညီ အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။ 

မောင်ခိုင်မာ