ပျားရည်တစက် မြေကြီး ပေါ်သို့ ကျသွားတယ် ။ ထိုအခါ ပုရွက်ဆိတ် ငယ်လေး တစ်ကောင် ပျားရည်စက် ရှိရာ ရောက်လာပြီး နံဘေးမှ အရသာ ခံ မြည်းစမ်းလေတယ် ။ ထို့နောက် ပြန်လေတယ် ။
အပြန်လမ်း တ၀က်မှာတင် အရသာကို စွဲလန်းစိတ်နဲ့ မရောင့်ရဲနိုင်သဖြင့် ပျားရည်စက် ရှိရာသို့ ပြန်လှည့် လေတယ် ။ ပျားရည်စက် နံဘေးမှ ထပ်ပြီး သုံးဆောင်တယ် ။ ထို့နောက် တဖန် ပြန်လေတယ် ။
ချိုမြိန်တဲ့ အရသာကို ကို စွဲလန်းစိတ်နဲ့ မတင်းတိမ်နိုင်သေးသဖြင့် ပြန်ရောက်လာပြန်တယ် နောက်ဆုံး တစ်ကြိမ်တော့ ပျားရည်စက် အတွင်းသို့ ၀င်ပြီ စိမ်ပြေနပြေ အရသာခံမယ်ဆိုပြီး ဗဟို သို့ ၀င်ကာ အားရပါးရ သုံးဆောင်လေတယ် ။
ချိုမြိန်တဲ့ အရသာအောက် မှာ ယစ်မှုး ပြီးနောက်မှာတော့ ပျားရည်စက်နဲ့ သူ့ ခြေလက် ခန္ဓာကပ်ညှိ ပြီး ခွာမရတော့ ဘူး နောက်ဆုံး ရုန်းမထွက်နိုင်ဘဲ သူပျက်ဆီး ရလေတယ် ။
မှတ်သား နာယူဖွယ် ဆိုရိုးများ
( ပျားရည်စက် ကြောင့်ပျက်ဆီး ရတာလား ? ရောင့်ရဲခြင်း မရှိလို့ ပျက်ဆီးရတာလား ? ဘာသင်ခန်းစာရလိုက်သလဲ ? )
တွေးမိတွေးရာအဖြာဖြာ
0 comments:
Post a Comment