ခွေးများကို လေ့ကျင့်ပေးနေသည့် မန်ဟက်တန် ရပ်ကွက်မှ ခွေး သင်တန်းကျောင်းတွင် လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းက ခွေးများကို iPad တက်ဘလက်များဖြင့် လေ့ကျင့်ပေးနေကြောင်း၊ လေ့ကျင့်ထားသော ခွေး များသည် Touch screen ကို အသုံးပြုနိုင်စွမ်းရှိကြောင်း သင်တန်းဆရာ များ ဖြစ်သည့် အန်နာဂျိမ်းနှင့် ကိတ်ဆင်နစီတို့က ပြောကြားသည်။
ထိုကျောင်းတွင် တစ်ကြိမ်တွင် ခွေး လေးကောင်နှုန်းသာ သင်ကြားပေးနေ ပြီး ခွေးများသည် iPad တက်ဘလက်ပေါ်တွင် နှုတ်သီးဖြင့် လည်းကောင်း၊ လက်ချောင်းများဖြင့် လည်းကောင်း ထိတွေ့စနစ် ဖြင့် အသုံးပြုနိုင်ရန် သင်ကြားပေးခြင်း ဖြစ်သည်။
တက်ဘလက်ဖြင့် သခင်ကို အီးမေးလ်က တစ်ဆင့် ဆက်သွယ်တတ်ရန်နှင့် အထူး စီစဉ်ထားသည့် Yes/ No ခလုတ်များကို လည်းကောင်း၊ ကင်မရာ ခလုတ်ကို နှိပ်တတ်ရန် လည်းကောင်း၊ သခင်ကို ခလုတ်များဖြင့် တုံ့ပြန် ဆက်သွယ်နိုင်ရန် လည်းကောင်း သင်ကြား ပြသပေးကြောင်း ခွေးများကို သင်ကြားပေးသည့် ဆရာများက ဆိုသည်။
The Voice Weekly
Wednesday, August 28, 2013
တက်ဘလက်ဖြင့် ခွေးကို လေ့ကျင့်ပေးနိုင်ဟုဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment