Wednesday, August 28, 2013

အခြေခံဥပဒေပြင်ဆင်ရေး ဒီချုပ်၏ သဘောထား စက်တင်ဘာ ပထမပတ် တွင် ထုတ်ပြန်မည်

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးနှင့်ပတ်သက်၍ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တရား ဝင်ရပ်တည်ချက်သဘောထားကို စက် တင်ဘာပထမပတ် တွင် ထုတ်ပြန်သွား ရန်ရှိကြောင်း တရားလွှတ်ေ တ်ာရှေ့နေ ဦးကိုနီက ပြောသည်။

သြဂုတ်လ ၂၆ ရက် ညနေတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင် ရေးဆိုင်ရာဆွေးနွေးပွဲကို အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်မှဦးဆောင်၍ အဖွဲ့ ချုပ်လွှတ်တော် ကိုယ်စားလှယ်များနှင့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီတို့ ဆွေး နွေးခဲ့ကြပြီးနောက်တွင် ဦးကိုနီက ထိုသို့ ပြော ကြားခြင်း ဖြစ်သည်။

”၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟာ ဒီမိုကရေစီစံနှုန်းနဲ့ မညီဘူး ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြောလေ့ရှိ တယ်။ သူက ခြုံငုံပြီး ပြောတဲ့စကားပါ။ ဒါပေမဲ့ ဘယ်လိုအကြောင်းအချက်တွေ ဟာ ဒီမိုကရေစီစံနဲ့မညီဘူးဆိုတာ ပြည် သူကို အသေးစိတ်ရှင်းပြဖို့လိုတယ်။ အဲဒီအတွက် ဆွေးနွေးပွဲလုပ် ခဲ့ကြတာ။

အဆိုပါ ဆွေးနွေးပွဲတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်လာ မှုသမိုင်းကြောင်းနှင့် ရေးသားထားသည့် ပြဋ္ဌာန်းချက်များသည် ဒီမိုကရေစီစံနှုန်း နှင့် ညီညွတ်မှု ရှိမရှိ ဟူသည့် အချက် ၂ ချက်ကို ဆွေးနွေး ခဲ့ကြပြီး ထပ်မံ၍ လည်း ဆွေးနွေးပွဲများ ပြုလုပ်ရဦးမည် ဖြစ်ကြောင်း ၄င်းကပြောသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အသေးစိတ် အချက်တွေကို အခြေခံပြီးတော့ အဓိက ကျတာတွေထုတ်ပြန်သွားမှာပါ။ ဒီဥပဒေ ဟာ ဒီမိုကရေစီစံနှုန်းနဲ့ ညီလား မညီ လားဆိုတာ ပိုပြီး လူထုကို တိတိ ကျကျ ထုတ်ပြန်ဖို့ပါ”ဟု ဦးကိုနီက ပြောသည်။

အဆိုပါ ဥပဒေပါ ပြဋ္ဌာန်းချက်များ ကို လေ့လာပါက ဥပဒေပြဋ္ဌာန်းချက် များသည် တစ်ခုနှင့်တစ်ခု ရှေ့နောက် မညီညွတ်ခြင်းများ ကို တွေ့ရမည်ဖြစ် ကြောင်း ၄င်းက ပြောသည်။

”ပုဒ်မ (၄) မှာ နိုင်ငံတော်အာဏာ ကို ပြည်သူပိုင်တယ်လို့ ပြောတယ်။ ဒါ ပေမဲ့ အတွင်းထဲမှာကျတော့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ပေးအပ်ခွင့် ပါ နေတယ်။ ဥပဒေပြဋ္ဌာန်းချက်တွေကို လေ့လာရင် ဒီမိုကရေစီစံနှုန်းနဲ့ မညီ ဘူး” ဟု ၄င်းကပြောသည်။

ထိုသို့ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသော ဥပဒေကို ပြင်ဆင်ရန် ဆန္ဒရှိနေကြသော်လည်း ပြင်၍ ရ မရ သည် ကြီးမားသောစိန်ခေါ် မှု ဖြစ်နေ ကြောင်း၊ ဖွဲ့စည်း ပုံအခြေခံဥပဒေပါပုဒ်မ ၄၃၆ ကို ကြည့်ပါက ပြင်ဆင်ရန်အတွက် ခက်ခက်ခဲခဲရေးသားထားသည်ကို တွေ့ ရမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။သဘောထားကြေညာချက် ကို အလုပ်အ မှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ရယူကာ ထုတ်ပြန်သွားမည်ဖြစ်ပြီး ထုတ်ပြန်ချက် သည် လေးငါးမျက်နှာထက်ပိုမည်မဟုတ် ကြောင်း ၄င်းက ပြောကြား ခဲ့သည်။

မေဇင်ဝင်း

Popular Myanmar News Journal

0 comments:

Post a Comment